Powered by Blogger.

အချင်း ၂မိုင်ရှိ ဥက္ကာပျံခဲကြီး ကမ္ဘာကို နာရီပေါင်းများစွာအတွင်း ၀င်တိုက်ဖွယ်ရှိ




အာကာသထဲမှာ တစ်နာရီကို မိုင်ပေါင်း ၄၀၀၀၀ နှုန်းနဲ့ရွေ့လျားနေတဲ့ အချင်း၂မိုင်ရှိ ဥက္ကာပျံခဲကြီးဟာ ကမ္ဘာနဲ့ အတော်နီး နေပြီလို့သိရပါတယ်။

အဲဒီ့ ဥက္ကာပျံခဲကြီးဟာ နက်ဖြန်လောက်ဆို ကမ္ဘာအနီးကနေ ဖြတ်သွားမယ်လို့ နာဆာက အတည်ပြုခဲ့ပါတယ်။ အာကာသဆိုင်ရာ အစိုးရဌာနကနေ ဥက္ကာပျံခဲကြီးကို မျက်ခြေမပျက် ခြေရာခံလျှက်ရှိပြီး ကျွန်တော်တို့ ကမ္ဘာကြီးကို ၀င်မတိုက်ပါဘူးလို့တော့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။

ဥက္ကာပျံခဲကြီးဟာ အချင်း ၀ ဒဿမ ၇ နဲ့ ၁ ဒဿမ ၆မိုင်အတွင်း ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ဧ၀ရတ်တောင်ရဲ့ လေးပုံတစ်ပုံခန့် အကြမ်းဖျင်းရှိပြီး နာဆာကစောင့်ကြည့်နေတဲ့ အခြားသော ဥက္ကာပျံခဲတွေထက် ၁၅ဆပိုကြီးတယ်လို့ သိရပါတယ်။

ဒီဥက္ကာပျံခဲကြီးကို လွန်ခဲ့တဲ့ရက်ပေါင်း ၅၉၂၅ရက် (၁၆နှစ်) က ပထမဆုံးအကြိမ် တွေ့မြင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အနီးဥက္ကာပျံခဲအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ကမ္ဘာနဲ့မိုင်ပေါင်း ၄၆သိန်းရှိနေပြီဆိုရင် ကနဦးအန္တရာယ်ရှိ ဥက္ကာပျံခဲအဖြစ် သတ်မှတ်ပါတယ်။ ကမ္ဘာအတွက် သိသာတဲ့ထိခိုက်မှုကို ဖြစ်စေနိုင်လောက်တဲ့ အရွယ်အစားရှိတယ်ဆိုရင်လည်း ကနဦး အန္တရာယ်ရှိ အဆင့်သတ်မှတ်ပါတယ်။

ကမ္ဘာကို အနာဂတ်မှာလာဝင်တိုက်နိုင်တဲ့ လက်ရှိဥက္ကာပျံခဲအများစုကို ၀င်တိုက်မှုစောင့်ကြည့်ရေး နည်းပညာမြင့် အလိုအလျောက်စနစ်ကို အသုံးပြုပြီး နာဆာက နောင်နှစ် ၁၀၀ အတွက် ကြိုတင်တွက်ချက် ထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

ဥက္ကာပျံခဲဝင်တိုက်နိုင်မှု အန္တရာယ်နဲ့ပတ်သက်လို့ စိတ်ပူတဲ့လူ ၄၆ရာခိုင်နှုန်းရှိပေမဲ့ ကျန် ၅၄ရာခိုင်နှုန်းကတော့ အေးဆေးပဲ ရှိနေပါသေးတယ်။


( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref:Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment