Twitter ဟာ ဗီဒီယိုထုတ်လွှင့်တဲ့ App တစ်ခုကို Apple, Amazon.com တို့ရဲ့ TV ပလက်ဖောင်းတွေနဲ့အတူ Microsoft ရဲ့ Xbox One ဂိမ်းစက်တွေမှာ ကြည့်ရှုလို့ရအောင် ထည့်သွင်းလာတယ်လို့ သိရပါတယ်။
ဒီလိုရင်းနှီးမြုတ်နှံမှုအသစ် ပြုလုပ်ခဲ့တာကြောင့် Twitter ရဲ့ Share တွေဟာ ၃ရာခိုင်နှုန်းအထိ တက်သွားပြီး ရှယ်ယာတစ်ခုကို ဒေါ်လာ ၁၈.၂၆ဒေါ်လာ ပေါက်ခဲ့တယ်လို့ သိရပါတယ်။
App အနေနဲ့ အသုံးပြုသူတွေရဲ့ ပစ္စည်းတွေထဲကို Twitter Account ဒါမှမဟုတ် Pay TV Subscription မလိုအပ်ပဲ ရရှိနိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
App အနေနဲ့ လုပ်ဆောင်ချက်တွေမှာပါဝင်တဲ့ ဗီဒီယို Content တွေကို National Football League၊ National Basketball Association စတဲ့ Twitter ရဲ့ Partner တစ်ချို့ကနေ ထောက်ပံ့ထားတာဖြစ်ပါတယ်။
( Beauty Syh )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Reuters
0 comments:
Post a Comment