Powered by Blogger.

19:9 Display, 24 MP ရှေ့ကင်မရာတွေ ပါဝင်လာတဲ့ Vivo V9



Vivo V9 ကတော့ အိန္ဒိယနိုင်ငံမှာစတင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Vivo V9 မှာတော့ iPhone X မှာလို notch ပါဝင်လာပြီး ရှေ့ကင်မရာ 24 MP လည်း ပါဝင်လာပါတယ်။ မျက်နှာပြင်အကျယ် ၆.၃ လက်မအထိ ရှိပြီး full-HD+ (1080x2280 pixels) IPS 'FullView Display 2.0' 19:9 display ကို အသုံးပြုထားပါတယ်။

RAM 4GB နဲ့ storage 64GB ဗားရှင်းတစ်မျိုးသာ အိန္ဒိယမှာ ရောင်းချမှာဖြစ်ပြီး Champagne Gold, Pearl Black,နဲ့ Sapphire Blue ဆိုပြီး အရောင် သုံးရောင်နဲ့အတူ ထွက်ရှိလာပါတယ်။ Qualcomm Snapdragon 626 SoC ကို အသုံးပြုထားပြီး ကျောဘက်ကင်မရာ နှစ်လုံးတွဲကိုတော့  16-megapixel sensor နဲ့ secondary 5-megapixel sensor တို့ကို f/2.0 and f2/.4 apertures ရရှိမှာပါ။

 3260mAh ဘက်ထရီပါဝင်လာပြီး fast charging တော့ ပါမလာပါဘူး။ V9 မှာတော့ Vivo က ထုတ်လုပ်ထားတဲ့ မျက်နှာပြင်အောက် လက်ဗွေစနစ်ကတော့ ပါဝင်လာခဲ့ခြင်းမရှိသေးတာကိုလည်း တွေ့ရပါတယ်။ လက်ဗွေဆန်ဆာကတော့ ဖုန်းရဲ့ ကျောဘက်မှာတပ်ဆင်ထားပါတယ်။



Bruce

#technology.thithtoolwin.com

Ref : NDTV
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment