Powered by Blogger.

Google Play Store ရဲ့ နောက်ပိုင်း ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေကတော့ အတော်လေးမိုက်လာပါပြီ။


အသုံးပြုသူတွေအတွက် လုံခြုံရေးပိုင်းကို ပိုမိုအလေးထားလာပြီးတဲ့နောက်မှာတော့ user's experience ပိုင်းကိုပိုပြီး ကောင်းမွန်လာအောင် သူတို့ လုပ်ပေးနေတာ အခုဆို အတိုင်းအတာ တစ်ခုအထိ ရောက်လာပြီလို့ ပြောလို့ရပါတယ်။

အခု မိတ်ဆက်ပေးလိုက်တဲ့ Play Instant ဆိုတဲ့ လုပ်ဆောင်ချက်ကတော့ အတော်လေးကို မိုက်တယ်လို့ ပြောလို့ရပါတယ်။ သင့်အနေနဲ့ Google Play Store ပေါ်က ဂိမ်းတွေကို ဒေတာတွေ ၊ ဖုန်းဘေလ်တွေ အကုန်ခံပြီးဒေါင်းနေစရာမလိုဘဲ အစမ်းဆော့ကစားနိုင်တော့မှာပါ။ ဒါ့ကြောင့် ဖုန်းမှာ storage နည်းနေတဲ့အခါမှာ ဒီဂိမ်းကိုinstall လုပ်သင့်မလုပ်သင့်ကို Play Instant လုပ်ဆောင်ချက်နဲ့ အစမ်းကစားပြီးမှ ဆုံးဖြတ်လို့ရပါတယ်။ ကိုယ့်စိတ်ကြိုက်ဖြစ်မယ်ထင်မှ ဒီဂိမ်းကို ဖုန်းထဲထည့်ဖို့ ဆုံးဖြတ်ချက်ချလို့လည်း လွယ်သွားတာပေါ့။

ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့ဆိုရင်တော့ Install Button ဘေးနားမှာ Try Now ဆိုတဲ့ button လေး ပေါ်နေမှာဖြစ်ပြီး အဲ့ဒါလေးကို နှိပ်လိုက်တာနဲ့ ဂိမ်းကို ဖုန်းထဲ Install လုပ်စရာမလိုပဲ စမ်းသပ်ကစားကြည့်နိုင်မှာဖြစ်ပါတယ်။

Google ကတော့ လောလောဆယ်မှာ ဂိမ်း developer တစ်ချို့အတွက်ပဲ ဒီလုပ်ဆောင်ချက်ကို အသုံးပြုခွင့်ပေးထားပါသေးတယ်။ Instant Play ကတော့ Google အရင်နှစ်က မိတ်ဆက်ခဲ့တဲ့ Instant App ရဲ့ နောက်ထပ်မျိုးဆက်သစ် တစ်ခုလို့ ပြောရင်လည်း မှားမယ်တော့မထင်ပါဘူး။ အသုံးပြုနည်း ဗီဒီယိုကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။



Bruce

#technolgy.thithtoolwin.com

Ref : Android Authority
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment