Powered by Blogger.

Apple Watch တွေအတွက် ကိုယ်ပိုင် MicroLED display တွေကို ထုတ်လုပ်တော့မယ့် Apple


Apple ကတော့ သူတို့ရဲ့ မိုဘိုင်းလ်ထုတ်ကုန်တွေအတွက် display ထုတ်လုပ်မှုတွေကို သူများတွေကို အပ်မယ့်အစားကနေ ကိုယ့်ဘာသာ ထုတ်လုပ်ဖို့ အစီအစဉ်တွေရှိလာပုံပါပဲ။

ပိုပြီး ပါးလွှာ ၊ ပိုပြီးတောက်ပ ၊ ပိုပြီး ဘက်ထရီစားသုံးမှုနည်းပါးတဲ့ display တွေကို in-house developer team နဲ့ အတူ ထုတ်လုပ်ဖို့ အလုပ်လုပ်နေတာပါ။

လောလောဆယ်မှာတော့ display အသေးစားတွေကို test production အနေနဲ့ ထုတ်လုပ်ဖို့ စီစဉ်နေပြီး MicroLED screens တွေထုတ်လုပ်နေမှုဟာ ကယ်လီဖိုးနီးယားက ဆန်တာကလာရာမှာ စတင်နေပြီလို့ သိရပါ
တယ်။

LuxVue က ပေးတဲ့နည်းပညာကိုလည်း Apple တို့ အပြည့်အဝအသုံးချဖို့ ရှိနေပြီး ဒီနည်းပညာကြောင့်လည်း လောလောဆယ်မှာ Apple ရဲ့ OLED display တွေက သုံးရတာ အကျိုးပိုရှိနေခဲ့တာပါ။ Apple ဟာ display ထုတ်လုပ်မှုအတွက် ခေတ်အဆက်ဆက် အပြင် ကုမ္ပဏီတွေကို အားကိုးခဲ့ရပြီး လောလောလတ်လတ် iPhone X မှာ ပါဝင်ခဲ့တဲ့ OLED display တွေကို ဝယ်ယူဖို့အတွက် Samsung ကို ဒေါ်လာ ဘီလျံ ၂၀ လောက် ပေးခဲ့ရတယ်
လို့ သိရပါတယ်။

ဒါ့ကြောင့် အခုလို Apple ရဲ့ ကိုယ်ပိုင် ထုတ်လုပ်ဖို့ ခြေလှမ်းစတင်မှုဟာ သူ့ကို display provider ပြုလုပ်နေတဲ့ကုမ္ပဏီတွေအတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။


Bruce

#technology.thithtoolwin.com

Ref : BGR

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment