Powered by Blogger.

Samsung က မျက်နှာပြင်ကွေးခေါက်ဖုန်းကို ဒီနှစ်မှာ ထုတ်လုပ်ဖွယ်မရှိသေး


လွန်ခဲ့တဲ့ သုံးနှစ်တည်းက Samsung ဒါမျိုးတွေ လုပ်မယ်ဆိုတာကို အားလုံးထင်ကြေးပေးခဲ့ကြပေမယ့်လည်းအခုထက်ထိတော့ ဒီသတင်းတွေက rumor အဆင့်မှာသာ ရှိနေဆဲပါပဲ။ Galaxy X လို့ အမည်ပေးသွားမယ့် မျက်နှာပြင်လိပ်နိုင် ပြုနိုင်ဖုန်းတွေကိုတော့ ၂၀၁၈ မှာ စတင်မိတ်ဆက်မယ်လို့ အားလုံးထင်ထားပေမယ့်လည်း ဒီနှစ်ကတော့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။

Qualcomm ရဲ့ display နည်းပညာ မန်နေဂျာ ဆယ်လ်မန်ဆေ့ဒ်ကတော့ လောလောဆယ်မှာ ဒါမျိုးတွေ ထုတ်လုပ်ဖို့ နှစ်အတော်ကြာအုံးမယ်လို့ ပြောသွားခဲ့ပါတယ်။ foldable display တွေကို လုပ်နိုင်မှာ ဖြစ်ပေမယ့်လည်း သူ့ရဲ့ ကြာရှည်ခံမှုသက်တမ်းကတော့ နည်းလိမ့်မယ်လို့လည်း ပြောပါတယ်။ လောလောဆယ်မှာတော့ ခေါက်နိုင်ကွေးနိုင်တဲ့ electrodes တွေကို သူတို့ အကောင်းဆုံး ပြုလုပ်နေပြီဖြစ်တယ်လို့လည်း ဆယ်လ်မန်က ပြောပါတယ်။

ဒါ့ကြောင့် အခုလို မျက်နှာပြင်ကွေးနိုင်ခေါက်နိုင်တဲ့ ဖုန်းတွေဟာ ကောလဟလအဆင့်မှာသာ ရှိနေဆဲဖြစ်ပြီး အမှန်တကယ် ထုတ်လုပ်နိုင်ဖို့တော့ အချိန်တစ်ခုအထိ စောင့်ဆိုင်းရအုံးမှာတော့ သေချာနေပါတယ်.


Bruce

#technology.thithtoolwin.com

Ref : BGR
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment