Tesla နဲ့ SpaceX ရဲ့ Facebook Page နှစ်ခုကို ဖျက်ချလိုက်ပြီဖြစ်တဲ့ Elon Musk
သောကြာနေ့ နေ့လည်လောက်ကနေ စတင်ပြီးတော့ Elon Musk ရဲ့ နာမည်ကျော် Tesla နဲ့ SpaceX ကုမ္ပဏီတွေရဲ့ တရားဝင် Facebook Page တွေကို shut down လုပ်သွားပြီး လုံးဝရှာမရတော့တာကိုတွေ့ရပါတယ်။
အသုံးပြုသူ သန်း ၅၀ ကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားပြီးနောက်မှာ ရှယ်ယာဈေးတွေကျဆင်းခဲ့ပြီး အခုဆိုရင်တော့ Facebook ရဲ့ founder ဖြစ်သူ Zuckerberg တစ်ယောက် ဒေါ်လာ ဘီလျံများစွာ အရှုံးပေါ်လျက်ရှိနေပါတယ်။
အခုလို privacy ပေါက်ကြားမှုကြောင့် WhatsApp ရဲ့ co-founder တစ်ယောက်ဖြစ်သူ Brian Acton တစ်ယောက် #DeleteFacebook လှုပ်ရှားမှုကို စတင်ခဲ့ပြီး ဥရောပနဲ့ အမေရိကန်နိုင်ငံရဲ့ တွစ်တာအသုံးပြုသူတွေမှာ ဒီလှုပ်ရှားမှုက အတော်လေးကို အသက်ဝင်နေခဲ့ပြီဖြစ်ပါတယ်။
တွစ်တာအသုံးပြုသူတစ်ယောက်က Elon Musk ကို "မင်းလည်း လူသားဆန်ရင် SpaceX Facebook Page ကို ဖျက်လိုက်ပါလို့ " ရေးသားထားခဲ့ပြီး ဒါကိုတော့ ""Facebook မှာ ငါ့ page ရှိနေသေးတယ်ဆိုတာ မမှတ်မလို့ပါ၊ ဖျက်လိုက်ပါမယ်" လို့ တရားဝင် ပြန် reply လုပ်ခဲ့တာပါ။
ဒီလို လုပ်ခဲ့အပြီးမှာပဲ Elon Musk က tweet တစ်ခုရေးသားခဲ့ပါတယ်။ "ကျွန်တော့်အနေနဲ့ Instagram က အိုကေနေပါသေးတယ်။ သူက အတန်အသင့် လွတ်လပ်မှုရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်က Facebook အသုံးမပြုခဲ့သလို ဘယ်တော့မှလည်း မသုံးပါဘူး၊ ကျွန်တော့်ကုမ္ပဏီက ဒီလို Facebook ကနေ စွန့်ခွာလိုက်လို့ ထိခိုက်မှုတွေရှိလာမယ်လို့ ပြောနေကြပါတယ်။ ဒါကို ကျွန်တော် ဂရုမစိုက်ပါဘူး" လို့ ရေးသားထားခဲ့ပါတယ်။
နည်းပညာသမားအများစုက Facebook အသုံးပြုတာကို ရပ်နားလိုက်ဖို့အတွက် လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြချိန်မှာ Zuckerberg တစ်ယောက်ကတော့ အတော်လေးကို ပျာယာခတ်နေတော့မှာ အသေအချာပါပဲ။
Bruce
#technology.thithtoolwin.com
Ref : BGR
I read yours are very good, suitable for me as a new learning blogspot. I have a Prediksi Togel blogspot. I am very grateful if friends want to visit on my blogspot Prediksi jitu.
ReplyDeleteNot only Blogspot, I also learned to make a page, Visit also my cool page Link villabetting. Berita Indonesia