Powered by Blogger.

ဗြိတိန်စာကြည့်တိုက်မှာ သိမ်းဆည်းထားတဲ့ အသံမှတ်တမ်းများ ဒစ်ဂျစ်တယ်စနစ် သို့ပြောင်းလဲရန် အရေးပေါ်လိုအပ်


ဗြိတိန် သမိုင်းအတွက် တန်ဖိုးရှိတဲ့ မှတ်တမ်းအချို့ဟာ လာမယ့် ၁၅ နှစ် အတွင်းမှာ ပျောက်ဆုံးပါတော့မယ်။ ဗြိတိန် စာကြည့်တိုက်ဟာ ၁၈၇၀ ၀န်းကျင်က စတင်ပြီး သိမ်းဆည်းထားခဲ့တဲ့ အသံ မှတ်တမ်းတွေကို ဒစ်ဂျစ်တယ် စနစ်ကို အရေးပေါ်ပြောင်းလဲဖို့ လိုအပ်နေတယ်လို့ သတိပေးလိုက်ပါတယ်။
ထို အသံမှတ်တမ်းတွေဟာ တိပ် စနစ်နဲ့ သိမ်းဆည်းထားခဲ့တာဖြစ်ပြီး ပျက်စီးစ ပြုနေပြီ လို့ သိရပါတယ်။ ထို စာကြည့်တိုက်မှာ သိမ်းဆည်းထားတဲ့ အသံ မှတ်တမ်းတွေဟာ နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိတဲ့ ပြဇာတ် အသံတွေ  နဲ့ ရှားပါး   မျိုးစိတ်  ငှက်တွေရဲ့ မည်သံတွေ  စုစုပေါင်း သန်းချီပြီး  ရှိနေပါတယ်။ ဒါ့အပြင်  ကမ္ဘာ့ 
 ခေါင်း   ဆောင်တွေဖြစ်ကြတဲ့ Gandhi ၊ Leon Trotsky နဲ့ Stalin တို့ရဲ့ မိန့်ခွန်းတွေ လည်းရှိနေ တယ် လို့ သိရပါတယ်။
ထို တိပ်စနစ်နဲ့ သိမ်းဆည်းထားခဲ့တဲ့ အသံမှတ်တမ်းတွေကို ဒစ်ဂျစ်တယ် စနစ် ကိုပြောင်းလဲဖို့ အတွက် စတာလင်ပေါင် သန်း ၄၀ ကျော် ကုန်ကျမှာပါ။ ဗြိတိန် စာကြည့်တိုက်ရဲ့ နည်းပညာခေါင်းဆောင် Will Prentice ရဲ့ ပြောကြားချက်အရတော့ ထို အသံမှတ်တမ်းတွေဟာ နာရီနဲ့ အမျှ ရှင်သန် ဖို့ ကြိုးစားနေရ တယ် လို့ဆိုပါတယ်။


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment