Powered by Blogger.

နောက်ထွက်မည့် iPhone အတွက် Samsung ကုမ္ပဏီသည် အဓိက chip supplier ဖြစ်လာ


တောင်ကိုရီးယားရှိ Samsung Electronic Co Ltd သည် Apple Inc’s (AAPL.O) မှ နောက်ထပ် ထုတ် လုပ်မည့် iPhone အတွက် processor ပိုင်း အတွက် အဓိက supplier ဖြစ်လာတော့မည် ဟု တနင်္လာနေ့ထုတ် Maeil Business သတင်းစာတွင် ဖော်ပြ ပါရှိခဲ့ပါတယ်။
 တောင်ကိုရီးယား သတင်းစာ၏ ဖော်ပြချက်အရ Samsung သည် နောက်ထပ်ထုတ်လုပ်မည့် iPhone အတွက် Chip ထုတ်လုပ်မှု ၇၅ ရာခိုင်နှုန်းခန့်ကို တာဝန်ယူ ထုတ်လုပ်မည် ဖြစ်ကြောင်း သိရှိရပါတယ်။ သတင်းစာတွင် မည်မျှကြာအောင် စာချုပ်ချုပ်ထားသည်ကို ဖော်ပြထားခြင်းမရှိဘဲ အခြားသော ကုမ္ပဏီများနှင့် Apple စာချုပ်ချုပ်ရာတွင်လည်း မည်သည့် ကုမ္ပဏီများနှင့် ချုပ်မည်ကိုလည်း ဖော်ပြထားခြင်း မရှိပါ။ 
သတင်းစာ၏ ဖော်ပြချက်အရ Texas ရှိ Austin တွင် Samsung စက်ရုံရှိပြီး ထိုစက်ရုံတွင် chip များ ထုတ် လုပ်တယ်လို့လဲ သိရပါတယ်။ Samsung ၏ ပြောခွင့် ရသူ တစ်ဦး က ဈေးကွက် မှာ ဖြစ်ပေါ်နေ တာတွေ ကို သူတို့ အနေနဲ့ဘာမှ မပြောလိုကြောင်း ပြောခဲ့ပါတယ်။ Apple ဘက်မှလည်း ချက်ချင်း လက်ငင်း ဘာမှ  ပြော ကြား သွားနိုင်ဦးမည် မဟုတ်သေးပါ။


Credit : http://www.reuters.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment