Powered by Blogger.

၂၀၁၄ ခုနှစ်တွင် အင်တာနက်ပေါ်၌ အများဆုံး အသုံးပြုခဲ့ကြတဲ့ password


ကိုယ်ရေးအချက်အလက်တွေ လုံခြုံမှုရှိစေရန် တခြားလူတွေ မခန့်မှန်းနိုင်လောက်တဲ့ password တွေကို ထားလေ့ရှိကြပါတယ်။ ၂၀၁၄ခုနှစ်တွင် လူသုံးအများဆုံး password များကို SplashData ကထုတ်ပြန် ခဲ့ပါတယ်။
 မြောက်အမေရိက နှင့် အနောက် ဥရောပ ဒေသများရှိ အသုံးပြုသူ များထံမှ စစ်တမ်းကောက် ကြည့်ရာတွင် လူဦးရေ ၃.၃သန်းခန့်သည် အများအားဖြင့် အသုံးပြုလေ့ရှိသည့်  password ၂၅ခုရှိခဲ့ပါတယ်။
ထို password များသည် သာမန်ထက် hack ရပိုမိုလွယ်ကူသည့် စကားလုံးများဖြစ်ပြီး “123456” နှင့် “password” ဆိုသည့် စကားဝှက်များမှာ ၂၀၁၁ ခုတည်းက လူအများဆုံးသုံးခဲ့သည့် စကားဝှက်စာရင်းတွင် ထိပ်တန်းက ပါဝင်နေခဲ့သည်မှာ ယနေ့အထိပင် ဖြစ်ပါတယ်။
 အသုံးများဆုံး password ၂၅ခု စာရင်းတွင် “12345”, “12345678”, “123456789” နှင့် “1234” စသည့် နံပါတ်စဉ်များ ပါရှိပါတယ်။ လူကြိုက်အများဆုံး အားကစားများဖြစ်သည့် “baseball” နှင့် “football” ကတော့ အသုံးများဆုံး top 10 တွင် ပါဝင်ခဲ့ပါတယ်။ “hockey”, “soccer” နှင့် “golfer” စသည်တို့ကတော့ top 100 စာရင်းတွင် ပါရှိခဲ့ပါတယ်။ 


Credit : http://www.news.com.au
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment