Xiaomi သည် ကမ္ဘာ့တတိယ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ် သူဖြစ်နေပြီ ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့ ကုန်ပစ္စည်းတော်တော် များများဟာလည်း တရုတ်မှာ ရောင်းမကုန်ဘဲ ရှိနေဆဲ ဖြစ်ပါတယ်။
ထို့ကြောင့် ကုမ္ပဏီမှ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ဆန်ဖရန် စစ္စကို၌ event တစ်ခု ကျင်းပမှာဖြစ်ပါတယ်။
အရောင်း ဆိုင် ဖွင့်မှာလား၊ အလုပ်သမား ရှာဖို့လား၊ အလည်သက်သက် လားဆိုတဲ့ လားပေါင်းများစွာနဲ့ ဘာအတွက် ဆိုတာကို သေသေချာချာ မသိရသေးပါဘူး။
ဒီနှစ်အတွက် Redmi 2 နှင့် Mi Note ဆိုတဲ့ ကုန်ပစ္စည်း သစ်နှစ်မျိုးကို တရားဝင်ကြေငြာထုတ် လုပ်ခဲ့ပြီးဖြစ် ပါတယ်
ဒါကြောင့် နောက်ထပ် ကြေငြာချက်အသစ်ကို မကြာမီ ထုတ်ပြန်ဖို့လည်း ဖြစ်နိုင်ပါတယ်။
ဘယ်လို အကြောင်းကြောင့် ပဲဖြစ်ဖြစ် ဒါဟာ ကောင်းမွန်မှု တစ်ခုဖြစ်နိုင်ပြီး ဆန်ဖရန်စစ္စကို ဟာလည်းနည်းပညာတွေ အများကြီး ထွန်းကားတဲ့နေရာ တစ်နေရာလည်း ဖြစ်ပါတယ်။
Apple နှင့် Google campuses တို့နှင့် လည်း မဝေးတော့တဲ့ အနေအထားမှာ ရှိလာမှာ ဖြစ်ပြီး Xiaomi ရဲ့ ဒုတိယ အုပ်ချုပ်သူ Hugo Barra ဟာလည်း Googler Former တစ်ဦး ဖြစ်ပါတယ်။
အထူးသဖြင့် ထိပ်တန်း နံပါတ် ၃နေရာကို အလျှင် အမြန်ရောက်ရှိသွားတဲ့ Xiaomi ရဲ့ တည်ထောင် သူဟာ ထူးထူးခြားခြား နေရာဒေ လာတိုက် ဆိုင်နေတယ်ဆိုဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
Credit : http://www.gsmarena.com
0 comments:
Post a Comment