Powered by Blogger.

Autoplay Video Ads တစ်ခုကို Twitter စမ်းသပ်ခဲ့


တစ်ဖြည်းဖြည်းနဲ့ အောင်မြင်လာပြီး လူသုံးများတဲ့ လူမှုကွန်ရက် တစ်ခုဖြစ်လာတဲ့ Twitter ဟာ Facebook ရဲ့ ဖန်တီးမှုတွေထဲက တစ်ခုကို ပုံစံတူ အသုံးချ လိုက်ပြန်ပါပြီ။ ထို လူမှု မီဒီယာ ကုမ္မဏီ ဖြစ်တဲ့ Twitter ဟာ ဗီဒီယိုတွေ အလိုလျှောက်ပြသ မယ့် စနစ်ဖြစ်တဲ့ Autoplay Video Ads တစ်ခုကို စမ်းသပ် ခဲ့ပါတယ်။ အဲဒီ စနစ် ဟာတော့ ၂၀၁၃ ခုနှစ်မှာ Facebook က ဖန်တီးခဲ့တဲ့ စနစ်နဲ့ လုပ်ဆောင်ချက်တွေ အားလုံး နီးပါး တူ ညီ နေခဲ့တယ်လို့ သိရပါတယ်။ 
ထို စမ်းသပ်မှုဟာ လက်ရှိမှာ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ iPhone နဲ့ iPad အသုံးပြု သူတွေ အတွက် ပဲ အကန့်အသတ်နဲ့ ပြုလုပ် ခဲ့တာဖြစ်ပါတယ်။ တစ်ချို့ အသုံးပြု သူတွေ အနေ နဲ့ သူတို့ရဲ့  newsfeed မှာ ဗီဒီယို တစ်ခုလုံးကို ပြသမှာဖြစ်ပြီး တစ်ချို့ သုံးစွဲသူတွေ အတွက်တော့ ၆ စက္ကန့် စာ လေ့လာနိုင် ခွင့်ရမှာဖြစ်ပါတယ်။ သေချာတာ တစ်ခုကတော့ အဲဒီ ဗွီဒီယိုတွေဟာ မျက်နှာပြင် အပြည့် အနေ အထားနဲ့ ကလစ်နှိပ်ပြီး မကြည့်ရှု မချင်း အသံကြားရမှာ မဟုတ်ပါဘူး။
ထိုစမ်းသပ်မှုတွေဟာ Twitter ရဲ့ ကိုယ်ပိုင် Vine အတွက် မပါဝင်ပါဘူး။ ဒါပေမယ့် the networks’ Amplify ad program ရဲ့  Promotion ဗီဒီယိုတွေ ကိုတော့ ပြသသွားမှာဖြစ်ပါတယ်။ အဓိက အချက်ကတော့ autoplay video ads ဟာ ပိုက်ဆံ ရှာနိုင်ပါတယ်။ ဒါ့အပြင် autoplay ဟာ ဒီနှစ် အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Twitter ရဲ့ စက္ကန့် ၃၀ စာ ဗီဒီယို စနစ်အတွက် အထောက်အကူပြုနိုင်မှာပါ။


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment