Powered by Blogger.

Nexus 6 စမတ်ဖုန်းတွေနဲ့ ပဲ အလုပ်ဖြစ်နိုင်မယ့် Google ရဲ့ Nexus ကွန်ရက် ၀န်ဆောင်မှု


Google ရဲ့ အမှုဆောင်အရာရှိ Sundar Pichai က ကုမ္မဏီဟာ Nexus လို့ခေါ်တဲ့ ကိုယ်ပိုင် ၀ါယာလက် ကွန်ရက် ၀န်ဆောင်မှုတစ်ခုကို စတင်မယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်တယ်လို့ အတည်ပြုပြော ကြား ခဲ့ပေမယ့် Wall Street Journal ဂျာနယ်ကတော့ ထိုစနစ်ဟာ Google ရဲ့ Nexus 6 စမတ်ဖုန်းတွေနဲ့ ပဲ အလုပ်ဖြစ်လိမ့်မယ်လို့ အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ 
Pichai ကိုယ်တိုင်ကလည်း ထိုဝန်ဆောင်မှုဟာ ကြီးမားတဲ့ အတိုင်းအတာမှာ လုပ်ဆောင်မှာမဟုတ်ပဲ ကိရိယာ တစ်ခုတည်းနဲ့သာ အံဝင်ခွင်ကျ ဖြစ်စေရန် တားမြစ်ထားတဲ့အပေါ် မှာ စိတ်ဖိစီးမှုတွေနဲ့ ကြုံနေရ တယ်လို့ ဆိုပါတယ်။ Wall Street Journal ရဲ့ ဖော်ပြချက်အရထို Nexus လို့ခေါ်တဲ့ ကွန်ရက် ၀န်ဆောင် မှုဟာ Sprint နဲ့ T-Mobile တို့ရဲ့ ဆဲလ်ကွန်ရက်တွေနဲ့ WiFi ချိတ်ဆက်မှုတွေကို ၀န်ဆောင်မှု အ တွက် ပေါင်း စပ်မယ်လို့ သိရပါတယ်။ 
တစ်ဖက်မှာလည်း Motorola ကထုတ်လုပ်တဲ့ ဖုန်းတွေဟာ အကောင်းဆုံး WiFi ၀န်ဆောင်မှုဖြစ်တဲ့ Republic Wireless နဲ့ Cablevision ရဲ့ Freewheel တို့ကိုပါ အသုံးပြုလို့ရနေပါပြီ။ ဒါကြောင့် နောက် ဆုံးထုတ် Nexus 6 နဲ့ Lollipop Android စနစ်တို့ပေါင်းပြီး နောက်ရက်သတ္တပတ် အနည်းငယ်အတွင်း စတင်တော့မယ့် ၀န်ဆောင်မှုကို အသုံးပြုပြီး ထွက်ပေါ်လာမယ့် ရလဒ်တွေ ကိုတော့ စောင့်ကြည့် ရမှာ ပဲဖြစ်ပါတယ်။


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment