Powered by Blogger.

Xiaomi Redmi 2 ကို ကြာသပတေးနေ့တွင် အိန္ဒိယ၌ စတင်မိတ်ဆက်မယ်လို့ မျှော်လင့်


အိန္ဒိယရှိ Xiaomi ၏ တရားဝင် Website တွင် ကုန်ပစ္စည်း အသစ်ကို မတ်လ ၁၂နေ့တွင် မိတ်ဆက်ပေး မည် ဟု ကြေငြာခဲ့ပါတယ်။ Xiaomi ကုမ္ပဏီသည် တစ်ကမ္ဘာလုံးကို Facebook, Twitter တို့မှ တစ်ဆင့် လူသိ များ ကျော်ကြားအောင် ပြုလုပ်ခဲ့ရာ မတ်လ ၁၂ ရက်တွင် မိတ်ဆက်ပေးမည့် ကုန်ပစ္စည်းမှာ Redmi 2 ဖြစ်နိုင်ဖို့ အလားအလာ ရှိပါတယ်။
 Xiaomi Redmi 2 ကိုသာ ယခု အပတ်ထဲတွင် မိတ်ဆက်မည် ဆိုပါက အိန္ဒိယရှိ အွန်လိုင်း စီးပွား ဖက်ဖြစ် သည့် Flipkart အနေဖြင့်လည်း Xiaomi Redmi 1S ကို ကြာကြာရောင်းရမှာ မဟုတ်တော့ပါဘူး။ လက် ရှိ လေ့လာ ဆန်းစစ်ချက် အရ Redmi Note 4G, Mi 4 16GB နှင့် Mi4 64GB တို့ကို အိန္ဒိယ တွင် ရောင်း ချနေ တာဖြစ်ပြီး Redmi 2 ဟာ Redmi 1S ထက် ဝင်ငွေ ပိုကောင်းမယ့် အလားအလာ မှာရှိတယ်လို့ လည်း မျှော် လင့်ရပါတယ်။
 ၄.၇ လက်မ အရွယ် IPS မျက်နှာပြင်ကို သုံးထားတဲ့ Redmi 2 သည် dual sim ဖြစ်ပြီး android  Version အနေဖြင့် 4.4 (KitKat) ကို အသုံးပြု ထားပါတယ်။ 1.2GHz Qualcomm processor ဖြစ်ကာ 1GB RAM ပါရှိပါတယ်။ ကင်မရာအနေဖြင့် 8MP front camera နှင့် 2MP front facing camera တို့ပါရှိပြီး internal memory အနေဖြင့် 8GB ထည့်သွင်းပေးထားပါသည်။
memory ကဒ် ထပ်ထည့်မည် ဆိုပါက 32GB အထိ ထည့်နိုင်မည် ဖြစ်ပြီး ဘက်ထရီမှာ 2200mAh ပမာဏ ဖြစ်ပါတယ်။ နောက်ပိုင်း ထွက်မည့် Xiaomi 2 များကို 2GB RAM နှင့် internal memory 16GB အထိ တိုးမြှင့် မယ်လို့လည်း သိရှိရပါတယ်။


Credit : http://gadgets.ndtv.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment