Powered by Blogger.

Facebook Messenger တွင် Video Call ခေါ်ဆို၍ရပြီ


အသုံးပြု သူပေါင်း သန်းတစ်ထောင့်လေးရာ ရှိတဲ့ Facebook ဟာ သူ့ရဲ့  ဖုန်း Messenger app မှ အခမဲ့ ဗီဒီယိုခေါ်ဆိုမှု ကို စတင် မိတ်ဆက်လိုက်ပါတယ်။ မိုဘိုင်းစာတိုပို့ ၀န်ဆောင်မှုကို အပြည့် အ၀ လုပ်ဆောင် မှုရှိတဲ့ Platform တစ်ခုဖြစ်လာအောင် အသွင်ပြောင်းလိုက်တာပဲဖြစ်ပါတယ်။ Messenger အသုံးပြု သူပေါင်း သန်း၆၀၀ ရှိပြီး ထိုအသုံးပြုသူတွေဟာ မျက်နှာပြင်ရဲ့ ဘယ်ဘက်ထောင့် အထက်ပိုင်းမှာ ဗီဒီယို icon လေးကို မြင်နိုင်ပါပြီ။
 
Facebook ဟာ ယခုနှစ် အစောပိုင်းတုန်းက ကွန်ပျူ တာ တစ်ခုနဲ့တစ်ခု ဗီဒီယိုနဲ့ အသံခေါ်ဆိုခြင်း ၀န်ဆောင် မှုကို ပေးအပ်ခဲ့ပါတယ်။ Facebook ဟာ ယခုတော့ မိုဘိုင်းတွေနဲ့ရော၊ ကွန်ပျူ တာတွေနဲ့ပါ ဗီဒီယိုခေါ်ဆိုမှုကို ၀န်ဆောင်မှုပေးကြတဲ့ Microsoft ကော်ပိုရေးရှင်းရဲ့ Skype, Apple ရဲ့ FaceTime နဲ့ Google ရဲ့ Hangouts တို့ကို ယှဉ်ပြိုင်လာပါပြီ။

Messenger မှာ မဆုံးနိုင်တဲ့ feature တွေကို မိတ်ဆက်ပေးရမယ်လို့ CEO ဖြစ်သူ Mark Zuckerburg က မတ်လမှာပြုလုပ်ခဲ့တဲ့ Facebook developer နှစ်ပတ်လည် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ဥပမာ အားဖြင့် App မှာ သူငယ်ချင်းတွေဆီ ပိုက်ဆံပေးပို့တာမျိုးပါ။


Credit :  http://timesofindia.indiatimes.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment