Powered by Blogger.

တစ်မိနစ်အတွင်း အားသွင်းနိုင်တဲ့ Mobile Battery


California ရှိ သိပ္ပံပညာရှင်များက lithium battery များထက် ပိုမို စိတ်ချလုံခြုံသော aluminium power cell ကို တီထွင်ခဲ့ပါတယ်။ ထို ဘက်ထရီ အမျိုးအစားသည် မိုဘိုင်းလ် ဖုန်းများကို ၁မိနစ် အတွင်း အသုံးပြုနိုင် ရန် အားသွင်းပေးနိုင်မည် ဖြစ်ပါတယ်။ Lithium နည်းပညာထက် ပိုမိုစိတ်ချ ယုံကြည်ရပြီး ပျက်စီးမှု၊ မီးလောင် မှု တို့မှ ကာကွယ် တားဆီးပေးမည် ဖြစ်ပါတယ်။
 California ရှိ Stanford တက္ကသိုလ် သုတေသန ပညာရှင်များက သာမန် ဘက်ထရီ များကဲ့သို့မဟုတ်ဘဲ အားခဏခဏသွင်းသည့် အတွက် စွမ်းဆောင်ရည် အားလည်း လျော့သွားမည် မဟုတ်ပါ။ Stanford ရှိ ဓာတုဗေဒ ပရောဖက်ဆာ Hongjie Dai က လက်ရှိ အသုံးပြုနေတဲ့ Alkaline ဘက်ထရီတွေဟာ ပတ်ဝန်း ကျင် အတွက် ဘေးထွက် ဆိုး ကျိုးတွေဖြစ်စေပြီး Lithium-ion ဘက်ထရီတွေတော့ မီးလောင် မှု ကို ဖြစ်ပေါ်စေ တတ်ပါတယ်။
 ဒီဘက်ထရီတွေ ကို အစားထိုးဖို့ အတွက် အလူမီနီယံ ဘက်ထရီကို တီထွင် ခဲ့ တာဖြစ်ကြောင်း ပြော ကြားခဲ့ ပါတယ်။ ထို့အပြင် အလူမီနီယံ သည် Lithium ထက် ပိုမိုဈေးချို ပြီး အသုံးပြု ရ အဆင်ပြေစေသည့် အီလက် ထရောနစ် စက်ပစ္စည်း တစ်ခုဖြစ်မှာ သေချာပါတယ်။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment