Powered by Blogger.

ွGoogle Photos ဆိုတဲ့ ဓါတ်ပုံ app တစ်ခုကို Apple နဲ့ Google ပူးပေါင်းမိတ်ဆက်




Apple ကုမ္မဏီဟာ Google Photos လို့ခေါ်တဲ့ ဓါတ်ပုံလုပ်ငန်းဆိုင်ရာ app အသစ်တစ်ခုကို annual Google IO ကွန်ဖရင့် မှာ ကြေညာလိုက်ပါတယ်။

ထို app ဟာ ဒီနေ့ပဲ Android နဲ့ iOS ကိရိယာ တွေအတွက် အခမဲ့ စတင်လိုက်ပြီး အသုံးပြုသူတွေကို သူတို့ရဲ့ ဓါတ်ပုံတွေစီမံခန့်ခွဲဖို့နဲ့ ဝေမျှဖို့အတွက် ထို app ကို အသုံးချနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

"ကျွန်ုပ်တို့အခု ၂၀၁၅ ကို ရောက်နေပါပြီ။ ကျွန်ုပ်တို့မှာ မောင်းသူမဲ့ ကားတွေ ၊ ပျံသန်းနိုင်တဲ့ drone တွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ အတူတူ ရိုက်ထားတဲ့ ဓါတ်ပုံ ၂၅ ပုံကို သင့်ဆီရောက်သွားအောင် ဝေမျှလို့ မရနိုင်သေးပါဘူး။ ကျွန်ုပ်တို့ ဒါကို ပြောင်းလဲချင်ပါတယ်။" လို့ Google ရဲ့ အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ David Lieb က ဆိုပါတယ်။

ထို app မှာတော့ သင့်ရဲ့ ဓါတ်ပုံတွေကို စီမံခန့်ခွဲနိုင်မှာပါ။ iPhone တွေမှာ ပြုလုပ်နိုင်သလိုမျိုး ဓါတ်ပုံတွေကို နှစ်နဲ့ လတွေအလိုက် ချုံ့ချဲ့ကြည့်ရှုနိုင်တဲ့ လုပ်ဆောင်ချက်မျိုးလည်း ထို app မှာပါဝင်နေပါတယ်။

ထို app မှာ သိုလှောင်နိုင်တဲ့ cloud ပမာဏ ကိုတော့ အကန့်အသတ်မရှိခွင့်ပြုထားမှာ ဖြစ်တယ်လို့ ကုမ္မဏီက ပြောထားပြီး ဓါတ်ပုံတွေအတွက် 16MP အထိကြည်လင်ပြတ်သားမှု ရရှိမှာ ဖြစ်ပြီး ဗီဒီယိုတွေအတွက်တော့ 1080p အထိ ကြည်လင်ပြတ်သားမှု ရရှိမှာပါ။

ထို app ဟာ Google+ ရဲ့ ဓါတ်ပုံရွေးချယ်ခွင့်မျိုးနဲ့ တည်ဆောက်ထားပြီး auto-upload ရွေးချယ်ခွင့်တွေလည်းပါဝင်ပါတယ်။ သင်သာ auto-upload ကိုရွေးချယ်လိုက်ရင် သင်ရိုက်လိုက်တဲ့ ဓါတ်ပုံတိုင်းကို cloud ပေါ်တင်ကာ upload လုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment