Powered by Blogger.

Sony က ထုတ်လုပ်တဲ့ Android စနစ်သုံး စမတ်ဖုန်းတွေမှာတပ်ဆင်ရန် bootloaders တွေ ထုတ်လုပ်


တစ်ကယ်တော့ Sony က ထုတ်လုပ်တဲ့ Android စနစ်သုံး စမတ်ဖုန်းတွေဟာ recovery partition ကတစ်ဆင့် မပြုလုပ်နိုင်ကတည်းက ၊ CyanogenMod နဲ့ အခြား တရားဝင်မဟုတ်တဲ့ စနစ်တွေကို hoops ကတစ်ဆင့် မဟုတ်ရင် မတပ်ဆင်နိုင်ကတည်းက သုံးစွဲသူတွေအတွက် ရင်းရင်းနှီးနှီး မဖြစ်ခဲ့ပါဘူး။ 

ဒါပေမယ့်လည်း အခု အချိန်ကစပြီး သုံးစွဲသူတွေအတွက် software တွေနဲ့ အလုပ်ရှုပ်နေစရာ မရှိတော့ပဲ သုံးစွဲရလွယ်ကူစေဖို့ Sony က ပြုလုပ်ပေးလိုက်ပါပြီ။ Sony က bootloaders တွေကို ထုတ်လုပ် တပ်ဆင် ခွင့် ပေးလိုက်ပြီး Firefox OS သို့မဟုတ် Ubantu Touch တို့လို မတူညီတဲ့ Paltform တွေလိုမျိုး Android ROM တွေကို တပ်ဆင်ဖို့ တံခါးဖွင့်ပေးမယ့် Recovery Space ကတစ်ဆင့် boot ပြုလုပ်ခွင့် ရရှိနိုင် မှာ ဖြစ် ပါတယ်။ 

ဒါပေမယ့်လည်း ထို bootloader ကို သုံးစွဲသူတွေ မကြိုက်တော့တဲ့ Xperia E3 ၊ M2 ၊ T2 Ultra ၊ T3 တို့လို မော်ဒယ်လ်နိမ့် ဖုန်းတွေမှာသာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆုံး ထုတ် မော်ဒယ်လ်တွေ ဖြစ်တဲ့ Xperia Z3 လို စမတ် ဖုန်းတွေ အတွက်တော့ ထို bootloader ကို အသုံးပြု လို့ ရနိုင်ဦးမှာ မဟုတ်ဘူးလို့ Sony က တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment