Powered by Blogger.

Xiaomi Mi 4i သည် Rs 13,000 အောက်ရှိ ဖုန်းများထဲတွင် အကောင်းဆုံး စမတ်ဖုန်းဖြစ်


လွန်ခဲ့တဲ့နှစ် ၇လပိုင်းမှ စ၍ အိန္ဒိယဈေးကွက်အတွင်းဝင်ရောက်လာခဲ့သည့် Xiaomi ဖုန်းများသည် အိန္ဒိယ တွင် ၁မီလီယံကျော်ခန့် ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်တွင် Xiaomi Mi 4i ကို ထုတ်ပြီးနောက် အိန္ဒိယငွေကြေး ၁၂၉၉၉ ခန့်သာရှိသည့် အဆိုပါဖုန်းသည် အကောင်းဆုံး စမတ် ဖုန်းတစ် လုံး ဖြစ်လာခဲ့ပါတယ်။ 

ဒီဇိုင်းမှာ ရိုးရှင်းပြီး Redmi Note ကဲ့သို့သော ၅လက်မအရွယ် မျက်နှာပြင်ကျယ်တစ်ခု ပါရှိပါသည်။ အနောက်ဘက်တွင်လည်း ပိုလီကာဗွန်နိတ် အမျိုးအစားကို အသုံးပြုထားပါသည်။ အလေးချိန်မှာလည်း ၁၃၀ဂရမ်သာ ရှိသဖြင့် ပေါ့ပါးသည့် ဖုန်းတစ်လုံးဖြစ်ပါသည်။ Uni-body ဒီဇိုင်းဖြစ်ကာ နောက်ဘက်ကို အဖြုတ် အတပ် ပြုလုပ်နိုင်မည် မဟုတ်ဘဲ ဆင်းမ်ကဒ်နှစ်ကဒ်ကို အသုံးပြုနိုင်ပြီး ဘယ်ဘက်ခြမ်းတွင် ထည့်နိုင် ရန် ပြုလုပ်ပေးထားပါသည်။ 

မမ်မိုရီကဒ် ထပ်မံ ထည့်သွင်းနိုင်သည့် slot တော့ မပါရှိပါ။ 1920 x 1080 pixels နှင့် 441 ppi ကို အသုံးပြု ထားသည့် Full HD အမျိုးအစား မျက်နှာပြင်ကြောင့် မည့်သည့် ရှု့ထောင့်မှ ကြည့်ကြည့် ကြည် လင်ပြတ် သားစွာ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ 13 MP ပမာဏရှိ ပင်မကင်မရာနှင့် 5MP ပမာဏရှိ ရှေ့ ဘက်ကင် မရာတို့ ပါရှိသောကြောင့် ကြည်လင်ပြတ်သားသော ရုပ်ပုံများကို ရိုက်ယူနိုင်မည် ဖြစ်ပါသည်။ Qualcomm 64-bit, 1.7 GHz Octa-core Snapdragon processor ကို အသုံးပြုထားကာ RAM ပမာဏမှာလည်း 2GB ဖြစ်ပါသည်။

 Internal Storage မှာ 16GB ဖြစ်ပြီး 12.90GB ခန့်ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Android စနစ်မှာ MIUI 6 ဗားရှင်း Lollipop အမျိုးအစားဖြစ်ပါသည်။ ထို့ကြောင့် လုပ်ဆောင်ချက်များကို အထစ်အငေါ့မရှိ လျင်မြန် စွာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ဘက်ထရီမှာလည်း 3120mAh ပမာဏ ဖြစ်သောကြောင့် ကြာ ရှည် စွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။


Credit : http://businesstoday.intoday.in
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment