Powered by Blogger.

Apple Music Streaming ၀န်ဆောင်မှု စတင်


Sony Music ရဲ့ CEO Doug Morris


Apple ကုမ္မဏီဟာ ဆန်ဖရန်ဆစ္စကို မြို့မှာ ပြုလုပ်တဲ့ Worldwide Developers Conference(WWDC) မှာ သူတို့ရဲ့ နှစ်ရှည်လများ စီစဉ်ထားတဲ့ Music Streaming Service ကို စတင်လိုက်ပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

ဂီတလောက အခမ်းအနားတစ်ခုဖြစ်တဲ့ MIDEM မှာလည်း Sony Music ရဲ့ CEO ဖြစ်တဲ့ Doug Morris က စင်ပေါ်မှာ ကြေညာထားပါသေးတယ်။ ဒီ ၀န်ဆောင်မှု ကို စတင်ဖို့အတွက်တော့ Apple အနေနဲ့ Sony Music အပါအ၀င် အဓိက ဓါတ်ပြားတိုက်တွေနဲ့ သဘောတူညီမှု အရင်ရယူမှာပါ။ ဒါပေမယ့် Morris ရဲ့ မှတ်ချက်တွေကတော့ Apple ကို ယုံကြည်နေပါတယ်။

ဒါ့အပြင် Morris က ဂီတလောကထဲမှာ သူ့ရဲ့ ရပ်တည်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း စင်မြင့်ပေါ်ကနေပဲ ထုတ်ဖော်ပြောကြားသွားပါသေးတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံး အပိုင်းကတော့ လက်ရှိ Apple ရဲ့ ဂီတ ၀န်ဆောင်မှု အပိုင်းမှာ အဓိကကျတဲ့ Beats ကို ဦးဆောင်နေတဲ့ Jimmy Lovine နဲ့ သူ့ရဲ့ ၃၇ နှစ်တာ လက်တွဲ ဆောင်ရွက်လာမှု ပါပဲ။

Apple ရဲ့  ဂီတလောက ဈေးကွက် ထဲကို ၀င်ရောက်လာခြင်းဟာလည်း ဂီတလောကတစ်ခုလုံးအတွက် အံ့အားသင့်စရာအခိုက်အတန့်တွေ စတင်လိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Apple ဟာ iTunes နဲ့ အတူ သုံးစွဲသူတွေရဲ့ နှစ်သက်မှုကိုရရှိပြီးဖြစ်တဲ့အတွက်လည်း အသစ် ဆောင်ရွက်လိုက်တဲ့ ဂီတ၀န်ဆောင်မှုဟာ အောင်မြင်ဦးမှာပဲ လို့ Morris က ယုံကြည်နေပါတယ်။

Apple ရဲ့ Music Streaming ၀န်ဆောင်မှုဟာ ရှိပြီးသား ဂီတ၀န်ဆောင်မှု တွေဖြစ်တဲ့ Spotify ၊ Deezer ၊ Tidal နဲ့ အခြား ဂီတ၀န်ဆောင်မှုတွေကို ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ Apple ရဲ့ လစဉ်ကြေးကတော့ တစ်လ ကို ၉.၉၉ ဒေါ်လာ ခန့် ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment