Microsoft ကုမ္မဏီ ဟာ Xbox One နဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ခံနေရမှု တွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်း ကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။
အဲဒါကတော့ Xbox 360 ဂိမ်းတုန်းက ဂိမ်းခွေတွေကို Xbox One မှာ ထည့်သွင်းကစားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ E3 2015 ပွဲတော်မှာ Microsoft က ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီလို ကစားနိုင်သွားတာဟာ နည်းပညာ သစ်တစ်ခုကို ဖန်တီးလိုက်တာ ကြောင့်ဖြစ်ပြီး လာမယ့် ခရစ္စမတ်က စတင်ကာ ဂိမ်း အဟောင်း ၁၀၀ ခန့်ကို Xbox One မှာ ထည့်သွင်းကစားနိုင်တော့မှာ ဖြစ်ပြီး နှစ်သစ်ကူးမှာတော့ ပိုများတဲ့ ဂိမ်းတွေကို ကစားနိုင်မယ်လို့ ဆိုပါတယ်။
ထို သတင်းကို ကြေညာလိုက်တဲ့အခါမှာတော့ လော့အိန်ဂျလိစ်မြို့မှာပြုလုပ်တဲ့ E3 2015 ပွဲတော်ကို တက်ရောက်လာကြတဲ့ ပရိတ်သတ်တွေရဲ့ လက်ခုပ် သြဘာ သံတွေ တစ်ခဲနက် ရရှိခဲ့ပါတယ်။
ဒါ့အပြင် ကုမ္မဏီက ပြောကြားခဲ့တာကတော့ ဂိမ်း ကစားသူတွေ ၀ယ်ယူပြီးသား ဂိမ်းတွေအတွက် ဘာ အဖိုးအခ မှ ထပ်မံ ကျသင့်မှာ မဟုတ်ပဲ Xbox One ရဲ့ ဂိမ်း လိုက်ဘရီ မှာ ၀ယ်ယူထားသမျှထဲက ခွင့်ပြုထားတဲ့ ဂိမ်းတွေကို ရွေးချယ် ကစားနိုင်မှာ ပဲ ဖြစ်ပါတယ်။
ထို E3 2015 ပွဲတော်မှာတော့ Microsoft ဟာ အသစ်ထွက်ရှိမယ့် ဂိမ်းတွေဖြစ်တဲ့ Halo 5 နဲ့ Forza 6 တို့ကို လည်း မိတ်ဆက် ကြေညာခဲ့ပါသေးတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment