Powered by Blogger.

တစ်ဆက်တည်း ပျံသန်းမှုအချိန်အကြာဆုံး ကမ္ဘာ့စံချိန်ချိုးသွားတဲ့ Solar Impulse 2




နေရောင်ခြည်စွမ်းအင်ဖြင့် ကမ္ဘာတစ်ပတ်မောင်းနှင်ဖို့ ကြိုးစားနေတဲ့ Solar Impulse 2 လေယာဉ်ဟာ တစ်ဆက်တည်း ပျံသန်းမှုအချိန်အကြာဆုံး ကမ္ဘာ့စံချိန်ကို ချိုးသွားနိုင်ပြီ ဖြစ်တဲ့အကြောင်း ပရောဂျက်အဖွဲ့က ပြောခဲ့ပါတယ်။

Solar Impulse 2 နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ ၄င်းရဲ့ခရီးစဉ်အပိုင်း ၇ အဖြစ် ဇူလိုင်လ ၂၉ရက်နေ့မှာ ဂျပန်နိုင်ငံကနေထွက်ခွာခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကာ တစ်ဆက်တည်းပျံသန်းချိန် ၇၆နာရီကြာ ပျံသန်းနိုင်ခဲ့တာပါ။

Jumbo Jet ထက်အတောင်ပံတွေကြီးတဲ့ Solar Impulse 2ဟာ ဟာဝိုင်ရီကို ဇူလိုင်လ ၃ရက်နေ့ ၂နာရီခွဲခန့်မှာ ဆိုက်ရောက်မယ်လို့ မျှော်မှန်းထားကြပါတယ်။ Solar Impulse 2 ကို ဆွစ်ဇလန်နိုင်ငံသားတွေဖြစ်တဲ့ Andre Borschberg နဲ့ Bertrad Piccard တို့က တစ်လှည့်စီမောင်းနှင်လာခဲ့တာဖြစ်ပြီး ၄င်းတို့ရဲ့ ကမ္ဘာပတ်ခရီးစဉ်ကို ဒူဘိုင်းကနေ စတင်ထွက်ရှိခဲ့တာပါ။

 “လောင်စာဆီမပါတဲ့ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ဟာ ဂျက်လေယာဉ်တစ်စီးထက်ကို အချိန်ကြာကြာပျံသန်းနိုင်တယ်ဆိုတာ သင်တွေးလို့တောင်ရပါရဲ့လား။ ဒါဟာ ရှင်းလင်းပြတ်သားတဲ့ နည်းပညာတွေက မဖြစ်နိုင်ဘူးဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ရရှိအောင်မြင်စေနိုင်တယ်ဆိုတဲ့ မက်ဆေ့ခ်ျကို ရှင်းရှင်းလင်းလင်းပေးလိုက်တာပါပဲ။” လို့ Piccard ကပြောသွားခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Aljazeera 
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment