Powered by Blogger.

Twitter က သုံးစွဲသူတွေကို မွေးနေ့ဖော်ပြခွင့်ပေး




Twitter အသုံးပြုသူတွေဟာ သူတို့ရဲ့ မွေးနေ့ကို သူတို့ Twitter profile မှာ ဖော်ပြခွင့် ရခဲ့ပါပြီ။

ဒီ လုပ်ဆောင်ချက် အသစ်ကတော့ ရွေးချယ်ခွင့်ရှိမှာ ဖြစ်ပြီး အသုံးပြုသူတွေဟာ မိမိဖော်ပြထားတဲ့ မိမိ ရဲ့ မွေးနေ့ကို ဘယ်သူတွေ မြင်ခွင့်ရှိမယ်ဆိုကိုပါ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

မွေးနေ့ ခုနှစ် အတွက် ချိန်ညှိခြင်း တွေဟာ မွေးတဲ့လ နဲ့ မွေးတဲ့ နေ့ တွေကို ချိန်ညှိရတာနဲ့ မတူညီပဲ ကွဲပြားနေပါတယ်။ ဒါကြောင့်လည်း အသုံးပြုသူတွေဟာ ဘယ်လောက်ထိ (သို့ ) ဘယ်လောက်လေးပဲ ဝေမျှချင်တယ်ဆိုတာကိုလည်း ရွေးချယ်ခွင့်ရှိဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ဟာ တစ်ယောက်ယောက်ရဲ့ မွေးနေ့ဖြစ်ပါက Twitter က မွေးနေ့ရှင်ရဲ့ Profile စာမျက်နှာမှာ မိုးပျံပူဖောင်းပုံ ကာတွန်းလေးတွေနဲ့ ဂုဏ်ပြုပေးဦးမှာ ဖြစ်ပါတယ်။ ထို လုပ်ဆောင်ချက်အသစ်အတွက် ဟာသ သရုပ်ဆောင် Kevin Hart က Twitter ကုမ္မဏီကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ထို လုပ်ဆောင်ချက်ကို ဖန်တီးလိုက်ခြင်းဟာ Twitter အနေနဲ့ လူတွေ တစ်ဦးချင်းဖြစ် ၊ အများနဲ့ ဖြစ်စေ အခမ်းအနားတစ်ခု သဖွယ်ဖန်တီး ဂုဏ်ပြုနိုင်မယ့် နည်းလမ်းကို ဆက်လက်လုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ တရားရုံးချုပ်က လိင်တူ ခြင်းလက်ထပ်တာဟာ အခြေခံဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်တယ်လို့ ကြေညာပြီးတဲ့နောက် #LoveWins ဆိုတဲ့ Hashtag ဟာ ပေါ်ပြူလာ အဖြစ်ဆုံး Hashtag တစ်ခုဖြစ်လာခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : The Drum
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment