Powered by Blogger.

လျှပ်စစ်ကားကို မောင်းနေရင်းနဲ့ အားသွင်းပေးနိုင်မယ့် စမတ်လမ်းမ




လျှစ်စစ်ကားတွေ မောင်းနေရင်းနဲ့ အားသွင်းနိုင်မယ့် စမတ်လမ်းမ စမ်းသပ်မှု ကို ဒီနှစ်အတွင်း UK မှာ စတင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ‘လျှပ်စစ်လမ်းမ” တွေဟာ ဝေးကွာတဲ့ခရီးမောင်းနှင်ရာမှာ ဘက်ထရီပြန်အားဖြည့်ဖို့ ရပ်နေစရာမလိုဘဲ  လျှပ်စစ်ကားတွေနဲ့ တောက်လျှောက် မောင်းနှင်သွားနိုင်အောင် စွမ်းဆောင်ပေးမှာဖြစ်ပါတယ်။

အစိုးရပိုင် Highways England ကုမ္ပဏီက ပူးပေါင်းဆောက်လုပ်မှာဖြစ်ပြီး လျှစ်စစ်-သံလိုက်ကူးပြောင်းနည်းနဲ့ အားသွင်းပေးတဲ့ကိရိယာကို နိုင်လွန်ကတ္တရာလမ်းမ အောက်မှာ ထည့်သွင်းထားမှာဖြစ်ပါတယ်။

Highways England ရဲ့ အင်ဂျင်နီယာချုပ် Mike Wilson က “ ကြိုးမဲ့စွမ်းအင် နည်းပညာသုံး အဝေးပြေးလမ်းမတွေက အင်္ဂလန်နိုင်ငံအတွက် ပိုမိုအကျိုးဖြစ်စေမယ့် လမ်းကွန်ရက်တစ်ခု ဖန်တီးတဲ့နေရာမှာ အထောက်အကူပြူမှာဖြစ်ပါတယ်။ နိုင်ငံအနှံ့ ကုန်ပစ္စည်းသယ်ယူပို့ ဆောင်ပေးတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်လည်း အခွင့်အရေးသစ်တွေ ပေါ်ထွက်လာမှာပါလို့ ” ပြောကြားခဲ့ပါတယ်။

စမ်းသပ်မှုတွေကို နှစ်ကုန်ပိုင်းမှာ စတင်သွားမှာဖြစ်ပြီး ၁၈ လကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိန်အစိုးရဟာ ဒီစီမံကိန်းမှာ နောင်ငါးနှစ်အတွက် ပေါင် သန်း ၅၀၀ မြှပ်နှံပြီး ဖြစ်ကြောင်း သယ်ယူပို့ ဆောင်ရေးဝန်ကြီး Andrew Jones က ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Yahoo

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment