Powered by Blogger.

Canon ရဲ့ နောက်ဆုံးထုတ် အရည်အသွေးမြင့် ဗီဒီယိုကင်မရာ ME20F-SH




ကမ္ဘာကျော် ကင်မရာ ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခုဖြစ်တဲ့ Canon ဟာ Arri Alexa နဲ့ Red စတဲ့ ကင်မရာ ကုမ္မဏီ တွေကို ဗီဒီယို ကင်မရာ ထုတ်လုပ်ရေး အပိုင်းမှာ တော်တော်လေး ယှဉ်ပြိုင်ခဲ့ရပါတယ်။ အခုတော့ Canon က အားလုံးထက် ခြေတစ်လှမ်းသာသွားပါပြီ။

Canon က အသစ်ထပ်ထုတ်လိုက်တဲ့ ME20F-SH ဆိုတဲ့ အရည်အသွေးမြင့် ဗီဒီယို ကင်မရာ ကိုကြည့်လိုက်ပါ။ ဆန်းသစ်ပြီး လှပတဲ့ ဒီဇိုင်းနဲ့ အပြောင်မြောက်ဆုံး လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပါတယ်။ အရေးအကြီးဆုံး တစ်ခုကတော့ Canon ရဲ့ ကင်မရာသစ်ဟာ ISO ညီမျှမှု ကို ၄ သန်းထက်ပိုပြီး လုပ်ဆောင်ပေးနိုင်ပါတယ်။

ပြောရမယ်ဆိုရင် လမထွက်တဲ့ ညဘက်မှာတောင် Super Dark Setting ကို အသုံးပြုပြီး အကောင်းဆုံး မြင်ကွင်းတွေရအောင် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Canon ကုမ္မဏီ က ယုံကြည်ထားတာကတော့ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္မဏီ တွေ ၊ Reailty တီဗွီ အစီအစဉ် ရိုက်ကူးသူတွေ နဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတွေအတွက် အထူးအသုံးဝင်နိုင်တယ် ဆိုတာပါပဲ။

ဒါ့အပြင် ME20F-SH မှာ Full-Frame 35mm CMOS Sensor ကိုထည့်သွင်းထားတဲ့အတွက် အရည်အသွေးကောင်းမွန်တယ်ဆိုတာနဲ့ ဈေးနှုန်းကြီးမြင့်ရခြင်း အကြောင်းအရင်းကို ဓါတ်ပုံ နဲ့ ဗီဒီယို ပညာရှင်တွေ အလွယ်တကူ သတိပြုမိမှာပါ။ ကင်မရာထဲမှာပါဝင်တဲ့ ဓါတ်ပုံအရွယ်တွေကလည်း ၁၉ မိုက်ခရွန် စကွဲ ထက်ပင် ၅ ဆ ပိုမိုကြီးမားပြီး ဖြုတ်/တပ် လို့ အကောင်းဆုံး မှန်ဘီလူး ပါဝင်တဲ့ ကင်မရာတစ်လုံးပဲ ဖြစ်ပါတယ်။

ဒီ Canon ကထုတ်လုပ်တဲ့ ME20F-SH မှာတော့ 3G/HD-SDI နဲ့ HDMI ထွက်ပေါက်တို့ပါဝင်ပြီး ၂.၅ နဲ့ ၃.၅ မီလီမီတာ စီရှိတဲ့ မိုက်အပေါက်လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ ဒီကင်မရာဟာ အရည်အသွေးကောင်းမွန်သလောက် ဈေးနှုန်းကလည်းကြီးမားပါတယ်။ ME20F-SH ဟာ ဒေါ်လာ ၃၀,၀၀၀ တန်ဖိုးရှိပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment