Powered by Blogger.

C.Ronaldo နဲ့ Monster ကုမ္မဏီ နဲ့ ပူးပေါင်းထုတ်လုပ်မယ့် အရည်အသွေးမြင့် နားကြပ်များ




Cristiano Ronaldo ဟာ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ဘောလုံးချစ်သူတွေရဲ့ ထောက်ခံ အားပေးမှု ကို ရရှိထားသူတစ်ယောက်ပါ။ သူဟာ ROC Live Life Loud ဆိုတဲ့ ကိုယ်ပိုင် ကုမ္မဏီ တစ်ခုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

အခုတော့ လက်ရှိ ရီးရဲမက်ဒရစ် အသင်းရဲ့ ဂိုး ဖန်တီးရှင် ဒိုလေးဟာ ကမ္ဘာကျော် Headphone ကုမ္မဏီ တစ်ခုဖြစ်တဲ့ Monster နဲ့ ပူးပေါင်းပြီး ပူးတွဲ အမှတ်တံဆိပ် Headphone တွေ ထုတ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။

"ငါ့ဘ၀ရဲ့ အရာရာတိုင်းဟာ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ပါပဲ" လို့ ဘောလုံး အကျော်အမော် စူပါစတား Cristiano Ronaldo က ဆိုပါတယ်။ "ကျွန်တော်တို့ဟာ ROC Live Life Loud ကို ထုတ်လုပ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးက ပရိတ်သတ်တွေကို အဆင့်အတန်းမြင့်တဲ့ ဒီဇိုင်းနဲ့ ဈေးကွက်ထဲမှာ အကောင်းဆုံး အသံ အရည်အသွေးတို့ကို တိုက်ရိုက်အသုံးပြုခွင့်ပေးသွားမှာ ဖြစ်ပါတယ်" လို့ ဒိုလေး က ဆိုထားပါသေးတယ်။

ထို နားကြပ်ထုတ်လုပ်မှုမှာတော့ နားကိုဖုံးအုပ်ထားမယ့် ကြိုးမဲ့နားကြပ် ROC Sport Freedom ကို ဒေါ်လာ ၂၅၀ ၊ နားအတွင်းထည့်ထားရမယ့် ကြိုးမဲ့နားကြပ် ROC Sport SuperSlim ကို ဒေါ်လာ ၁၇၀ နဲ့ နာိးကုဖုံးအုပ်ထားမယ့် ကြိုးပါဝင်တဲ့ နားကြပ် ROC Sport Black Platinum ကို ဒေါ်လာ ၃၀၀ တို့ နဲ့အသီးသီးရောင်းချသွားမှာ ဖြစ်ပြီး ထိုမော်ဒယ်လ် ၃ မျိုးလုံးကို အနက်ရောင် ၊ ရွှေရောင် ၂ မျိုး အပြင် Monster နဲ့ ROC တံဆိပ် ၂ မျိုးလုံး နဲ့ သီးခြားစီ ၀ယ်ယူနိုင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ထို မော်ဒယ်လ် တွေထဲကမှာ ROC Sport Superslim ကတော့ ချွေးကို ကာကွယ်ပေးမယ့် Sweat Proof ပါဝင်တဲ့အတွက် အားကစားခန်းမ မှာ လေ့ကျင့်ခန်းလုပ်နေတဲ့ အချိန်မျိုးမှာလည်း သီချင်းနားထောင်ရင်း အားကစားလုပ်လို့ရစေမယ့် နားကြပ်ပဲ ဖြစ်ပါတယ်။ လက်လီ လက္ကား ရောင်းချလိုသူတွေအတွက် တော့ eBay က တရားဝင် ပါတနာ ကုမ္မဏီ ဖြစ်လာပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment