Powered by Blogger.

သြဂုတ်လအတွင်း ထွက်လာနိုင်ဖွယ် ရှိတဲ့ Samsung ရဲ့ Galaxy Note 5 နဲ့ S6 Edge+




အရှေ့တောင်အာရှ တစ်ဝှမ်းက များပြားလှတဲ့ Samsung ပရိတ်သတ်တွေဟာ သြဂုတ်လ ၁၃ ရက်နေ့မှာ ကျင်းပမယ့် Samsung ကုမ္မဏီ ရဲ့ အခမ်းအနား ကို စောင့်မျှော်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ထို အခမ်းအနားမှာ Samsung က ကုန်ပစ္စည်းသစ် တစ်မျိုးကို မိတ်ဆက် ပြသ မှာ ဖြစ်တဲ့အတွက်ပါ။

လက်ရှိမှာတော့ Samsung ဟာ ပုံစံ အသွင်အပြင်ချင်းနီးစပ်တဲ့ Galaxy Note 5 နဲ့ Galaxy S6 Edge+ တို့ကို ထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။ ဒါကြောင့် အသစ်ထွက်ရှိလာနိုင်ချေရှိတဲ့ Galaxy Note 5 ရဲ့ ပါဝင်ပစ္စည်းအရည်အသွေးတွေအကြောင်းလည်း သတင်းတွေထွက်ပေါ်လာပြန်ပါတယ်။

Galaxy Note 5 ဟာတော့ Galaxy Note 4 ထက်ပိုမိုကောင်းမွန်တဲ့ စက်ပစ္စည်းတွေကို အသုံးပြုသွားဖွယ်ရာရှိနေပါတယ်။ ၅.၇ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်ရဲ့ quad HD ကြည်လင်ပြတ်သားမှု နဲ့ 16 Megapixels ရှိတဲ့ အနောက်ကင်မရာ ၊ 32GB ရှိတဲ့ အတွင်းသိုလှောင်ပမာဏ တွေကိုပဲ သင်တွေးကြည့်လိုက်မိမှာပါ။

အမှန်တစ်ကယ် ကတော့ သိသိသာသာ ပြောင်းလဲသွားတာတွေကတော့ Galaxy S6 မှာ အသုံးပြုထားတဲ့ Octa-Core Processor ၊ 4GB ပမာဏ ရှိတဲ့ RAM နဲ့ 5 Megapixels ရှိတဲ့ Selfie ကင်မရာ တို့ပဲ ဖြစ်ပါတယ်။ ကံမကောင်းတာတစ်ခုကတော့ သိုလှောင်ပမာဏ ကို microSD ကတ်ထည့်ပြီး တိုးချဲ့နိုင်မယ့် Slot ကို ဖယ်ရှားလိုက်တာပဲ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

ထို Galaxy Note 5 မှာတော့ Android ရဲ့ နောက်ဆုံးဗားရှင်းဖြစ်တဲ့ 5.1 ကို အသုံးပြုပေးထားမှာဖြစ်ပြီး Galaxy S6 Edge နဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ တစ်ခု မှ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ဒါကြောင့် သြဂုတ်လ ၁၃ ရက်နေ့မှာတော့ Galaxy Note 5 ကိုသာ ထုတ်လုပ်ဖို့ သေချာသလောက်ရှိနေပြီး Galaxy S6 Edge+ ကတော့ မသေချာသေးဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပြန်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment