Powered by Blogger.

စက်တင်ဘာ ၂၉ ရက်နေ့ မှာ Nexus စမတ်ဖုန်းအသစ်နှစ်မျိုးကို Google စတင်မိတ်ဆက်မည်




Google ဟာ Nexus 6P နဲ့ Nexus 5X လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းအသစ်နှစ်မျိုးကို စက်တင်ဘာလ ၂၉ ရက်နေ့ မှာ စတင်ပြသဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အမေရိကန်နည်းပညာကုမ္ပဏီဖြစ်တဲ့ Google ဟာ Nexus စီးရီးရဲ့ ၂၀၁၃ ခုနှစ်ထုတ် Nexus 5 ကို တစ်ဖန်ပြန်ဆန်းသစ်ထားတဲ့ Nexus 5X နဲ့ Nexus 6 ကို update လုပ်ထားတဲ့ Nexus 6P တို့ ကို LG နဲ့ Huawei တို့ နဲ့ အသီးသီးဖက်စပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

စမတ်ဖုန်းနှစ်မျိုးလုံးမှာ Android စနစ်အသစ်ဖြစ်တဲ့ open-source mobile operating system Android 6.0 Marshmallow ပါဝင်လာမှာဖြစ်တယ်လို့ Google က ကြေငြာထားပြီးဖြစ်ပါတယ်။

လက်ဗွေရာစကန်နာ နဲ့ OnePlus Two မှာ စတင်ပါဝင်ခဲ့တဲ့ USB type-C port ပါ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ Nexus 5X က နည်းနည်းပိုသေးမှာဖြစ်ပြီး ၅.၂ လက်မ Full HD Display ဖြစ်ပါတယ်။ Huawei က ထုတ်လုပ်တဲ့ Nexus 6P ကတော့ ၅.၇ လက်မ ရှိပြီး Quad HD display ဖြစ်ပါတယ်။ Qualcomm SnapDragon 820 ပရိုဆက်ဆာကို ဖုန်းနှစ်လုံးလုံးမှာ ထည့်သွင်းထားနိုင်ခြေရှိပြီး RAM ကလည်း 3GB ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။

Google ဟာ ဒီဖုန်းတွေမှာလည်း microSD ထပ်မံစိုက်လို့ ရမှာမဟုတ်သလို internal storage ကတော့ 128 GB အထိ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ USB Type-C အပေါက်နဲ့ အားမြန်မြန်သွင်းနိုင်ပြီး အကြွေးဝယ်ကတ်သဖွယ်ငွေပေးချေလို့ ရတဲ့ ငွေပေးချေမှုစနစ်အသစ် Android Pay ပါဝင်လာမှာဖြစ်ပါတယ်။

ဒီဖုန်းနှစ်မျိုးလုံးကို ဆန်ဖရန်စစ္စကိုမှာပြုလုပ်မယ့် Google Event မှာ စတင်မိတ်ဆက်သွားမှာဖြစ်တယ်လို့  သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Express
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment