Powered by Blogger.

ကုမ္ပဏီတန်ကြေး ပေါင် ၁၁၂ ဘီလီယံနဲ့ Apple က ကမ္ဘာတန်ဖိုးအကြီးဆုံးကုန်အမှတ်တံဆိပ် အဖြစ် ရွေးချယ်ခံရ




Apple ကုမ္ပဏီရဲ့ အရောင်းအားကို တွန်းတင်ပေးခဲ့တဲ့ စမတ်နာရီနဲ့ iPhone 6s တို့ ထွက်ရှိပြီးနောက်မှာ Apple ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုန်အမှတ်တံဆိပ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Apple နောက်မှာ Google က ဒုတိယလိုက်ပြီး Coca Cola က တတိယနေရာ ရယူထားကြောင်း ကုန်အမှတ်တံဆိပ်နဲ့ ဒီဇိုင်းအတိုင်ပင်ခံကုမ္ပဏီ Interbrand က ပြုစုခဲ့တဲ့ ထိပ်တန်း ကုန်အမှတ်တံဆိပ် ၁၀၀ စာရင်းအရ သိရပါတယ်။

Apple ဟာ ခန့် မှန်းခြေ ကန်ဒေါ်လာ ၁၇၀.၂၇၆ ဘီလီယံ တန်ကြေးနဲ့ ထိပ်ဆုံးနေရာက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ထိပ်တန်း ကုန်အမှတ်တံဆိပ် ၁၀၀ စာရင်းမှာ လွန်ခဲ့တဲ့နှစ်အတွင်း တန်ဖိုးငွေ ၅၄ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တဲ့ Facebook အပါအ၀င် Microsoft ၊ Samsung စတဲ့ နည်းပညာဆိုင်ရာကုန်အမှတ်တံဆိပ် ၁၃ ခု ပါဝင်ကာ ဒီဂျစ်တယ်ကုမ္ပဏီတွေက စာရင်းမှာ ကြီးစိုးနေရာယူထားပါတယ်။

အဆိုပါအဆင့်သတ်မှတ်ချက်ဟာ ကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေးစွမ်းဆောင်ရည်၊ စားသုံးသူအပေါ် အရှိန်အ၀ါလွှမ်းမိုးမှု၊ ကုမ္ပဏီအတွက် ၀င်ငွေများများ သို့ မဟုတ် ဈေးနှုန်းပိုမိုများများရယူပေးနိုင်တဲ့ ကုန်အမှတ်တံဆိပ်ရဲ့စွမ်းအား တို့ အပေါ် မူတည်တွက်ချက်ခဲ့တာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment