Powered by Blogger.

မားစ်ဂြိုဟ်ပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ရာ လမ်းညွှန်ချက် (၆) ရပ်








ကမ္ဘာ့ရာသီဥတု အပြောင်းအလဲရဲ သက်ရောက်မှုတော်တော်များများဟာ ပြန်လည်ဖာထေးမရနိုင်တော့တဲ့ အကြောင်းကို ကျွန်တော်တို့တွေ သိလာပြီဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်တွေဟာ တစ်နှစ်ထက်တစ်နှစ်ကို ပိုပိုလို့ မြင့်တက်လာခဲ့ပါတယ်။ 

၂၀၁၃ခုနှစ်က National Geographic မှာပြခဲ့တဲ့အတိုင်းသာ ကမ္ဘာ့ရေခဲပြင်တွေ အရေပျော်သွားတဲ့အခါကျရင် ပင်လယ်ရေမျက်နှာပြင်ဟာ ၂၁၆ပေ မြင့်တက်လာမှာပါ။ ကမ္ဘာ့တိုက်ကြီး တော်တော်များများမှာ ရေနစ်မြှုပ်ပြီး မြေမျက်နှာသွင်ပြင် အပြောင်းအလဲတွေလဲ ကြီးကြီးမားမား ဖြစ်တော့မယ်။ ဒီလိုသာဆို လူတွေ အသက်ရှင်ရပ်တည်ဖို့ရာ မားစ်ဂြိုဟ်ပေါ်ကို ပြောင်းရွှေ့ရမယ်လို့ ဆိုကြပါတယ်။ ဒီ့အတွက် မားစ်ဂြိုဟ်ပေါ် ပြောင်းတဲ့အခါ အဲဒီ့မှာ အသက်ရှင်ရပ်တည်ဖို့ရာ ဒေါက်တာမာတင် ပြောထားတဲ့ လမ်းညွှန်ချက်တွေ လေ့လာကြည့်ရအောင်ပါ။ 

လေဖိအားဖန်ပြွန် လိုပါလိမ့်မယ်။           ။ မားစ်ရဲ့မြေမျက်နှာပြင်ပေါ်မှာ နေရတာဟာ နက်ရှိုင်းတဲ့အာကာသထဲမှာ နေရတာနဲ့တူတူပါပဲ။ ဒီ့အတွက် အထဲမှာ လေဖိအားရှိနေဖို့အတွက် လေဖိအားဖန်ပြွန်တွေ ယူသွားကြဖို့ လိုပါလိမ့်မယ်။ 

အောက်ဆီဂျင် လိုပါလိမ့်မယ်။              ။ ကာဗွန် နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ အောက်စီဂျင်ထုတ်ဖို့အတွက် နည်းလမ်းပေါင်း မြောက်များစွာ ရှိပါတယ်။ ရှုပ်ထွေးလှတဲ့ အောင်စီဂျင်ထုတ်စက်တွေ ရှိရင် ဒါမှမဟုတ် အဲဒီ့မှာ အပင်ဆိုက်နိုင်ရင် သင်အောက်စီဂျင်ရပါလိမ့်မယ်။ 

ဓာတ်ရောင်ခြည် အကာ တွေလိုပါလိမ့်မယ်။        ။ ဓာတ်ရောင်ခြည်တွေကို ကာဖို့အတွက် အလွယ်ဆုံးနည်းလမ်းကတော့ နေမယ့်အခြေစိုက်စခန်းတွေကို မားစ်ရဲ့ ကျောက်တုံးတွေ သဲတွေ အောက်မှာဆောက်ထားရင် ရပါတယ်။ တတ်နိုင်သမျှ နက်နက်နေရာမှာ ဆောက်ထားရင် အကောင်းဆုံးပါပဲ။ 

ရေလိုပါလိမ့်မယ်။         ။ လုပ်ရမှာက ရေကိုသယ်သွား၊ အပူပေး၊ ရေပြန်ထုတ်။ အထောက်အပံ့ကောင်းကောင်းရရင်၊  ပေါင်းခံလိုက်ရုံနဲ့ ပြန်ပြန်သုံးလို့ရနိုင်ပါတယ်။ 

အစားအစာ လိုပါလိမ့်မယ်။        ။ တစ်နှစ်ကို သင်ဘယ်လောက်များများ စားနိုင်လဲဆိုတာ စဉ်းစားပြီး အဲဒါကို စိုက်ပျိုးဖို့အတွက် နေရာဘယ်လောက်များများယူမယ်ဆိုတာကို စိတ်ကူးပုံဖော်ကြည့်ပါ။ 

စွမ်းအင် လိုပါလိမ့်မယ်။            ။ မားစ်ဂြိုဟ်ရဲ့ နေ့စဉ်ပျှမ်းမျှအပူချိန်က 50C ဆိုတော့၊ အဲဒီ့ကနေ စွမ်းအင်ကို အဆက်မပြတ်ရနိုင်မှာပါ။
( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref:Daily Mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment