Powered by Blogger.

ဖန်ခွက်အောက်ခံပြားအရွယ်သာရှိတဲ့ သစ်သားကွန်ပျူတာ Solu




သာမန်လူတစ်ယောက်ဟာ အခုဆိုရင် ဖုန်း၊ လပ်ပ်တော့ပ်၊ တက်ဘလက် စတဲ့ Gadget ၇မျိုးကျော်ကျော်ကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Gadget တွေကို Link လုပ်ဖို့ဆိုတာကတော့ မလွယ်ကူပါဘူး။ ဒေတာတွေကို Back up ကလည်းလုပ်ရဦးမယ်။

ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့အသေးငယ်ဆုံး အထွေထွေသုံး ကွန်ပျူတာလို့ဆိုတဲ့ ကွန်ပျူတာကို အင်ဂျင်နီယာအဖွဲ့ တစ်ဖွဲ့ကနေ တီထွင်ခဲ့ပါတယ်။ နာမည်က Solu, သစ်သားနဲ့လုပ်ထားပြီး အရွယ်အစားကတော့ အောက်ခံပန်ကန်ပြား အရွယ်လောက်ပဲရှိပါတယ်။ အများနဲ့မတူတဲ့ OS လည်းရှိပါတယ်။ အသုံးပြုသူတွေအနေနဲ့ cloud စနစ်ကို လွတ်လွတ်လပ်လပ်၊ ပြောင်းလွယ်ပြင်လွယ် အသုံးပြုနိုင်မှာပါ။

‘Solu က တကယ့်ကိုလှပပြီး ခေတ်ရှေ့ပြေးတဲ့ Cloud နဲ့ချိတ်ဆက်ထားတဲ့ ကွန်ပျူတာပါ။ ခင်ဗျားတို့ရဲ့ hard drive, ဖိုင်တွေ back up လုပ်ရတာ၊ ဆော့ဖ်ဝဲလ်တွေ သွင်းရတာ စသဖြင့် ဘာမှ ထပ်ပြီး စိတ်ပူစရာ မလိုတော့ပါဘူး။ Solu က ခင်ဗျားတို့အတွက် အားလုံးလုပ်ပေးသွားမှာပါ။” လို့ ဒီကွန်ပျူတာကို တီထွင်ခဲ့တဲ့ ဖင်းန်စ်ရှ် ကုမ္ပဏီက ပြောပါတယ်။




ဒီကွန်ပျူတာဟာ သာမန် စမတ်ဖုန်းတွေထက် အားကောင်းပါတယ်။ 2.3GHz processor ပါရှိပါတယ်။ 32GB storage ပဲပါတယ်ဆိုပေမဲ့ content တွေအားလုံးကို Solu cloud ထဲမှာ သိမ်းထားပေးမှာပါ။ Setting တွေအားလုံးကိုလည်း အလိုအလျောက် back up လုပ်ပေးမှာပါ။

Solu ရဲ့ ကိုယ်ပိုင်မျက်နှာပြင်နဲ့ အသုံးပြုနိုင်သလို၊ Monitor, Keyboard တို့နဲ့ချိတ်ဆက်လိုက်တဲ့အခါ touchpad အဖြစ်နဲ့ အသုံးပြုလို့လည်း ရနိုင်ပါတယ်။ သိပ်ကိုမိုက်တဲ့ တီထွင်မှုပါပဲ။

( Jack )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment