Powered by Blogger.

T-Mobile ဖုန်း အသုံးပြုသူ ၁၅ သန်းရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ဟက်ကာတွေ ခိုးယူ




ဟက်ကာ တွေဟာ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ T-Mobile ဖုန်း အသုံးပြုသူ ၁၅ သန်းရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ် ဟာ အမေရိကန် ဆက်သွယ်ရေး အော်ပရေတာ T-Mobile နဲ့ အကြွေး ၀န်ဆောင်မှု အေဂျင်စီ တစ်ခုနဲ့ လက်တွဲဆောင်ရွက် အပြီးမှာ စတင်ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ပါတယ်။

T-Mobile က အတည်ပြုပေးခဲ့တာကတော့ အခိုးခံလိုက်ရတဲ့ အချက်အလက်တွေထဲမှာ နာမည် ၊ လိပ်စာ ၊ မွေးနေ့ ၊ လူမှုလုံခြုံရေး နံပါတ် စသည်တို့ ပါဝင်သွားတယ်ဆိုတာပါပဲ။ T-Mobile ဖုန်းအသုံးပြုသူတွေရဲ့ ဖုန်းဘေလ် အပါအ၀င် အကြွေး နဲ့ပတ်သက်တာတွေကို ၀န်ဆောင်မှုပေးတဲ့ Experian ဆိုတဲ့ Application ကြောင့် T-Mobiel ဖုန်းအော်ပရေတာ က ဟက်ကာ တွေရဲ့ ပစ်မှတ်ဖြစ်သွားခဲ့ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

T-Mobile ရဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်တဲ့ John Legere က ပြောတာကတော့ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကနေ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ကြားမှာ T-Mobile ဖုန်း တွေကို အသုံးပြုခဲ့သူတိုင်းဟာ ဒီဆိုက်ဘာ တိုက်ခိုက်မှု ရဲ့ အကျိုးဆက်တွေကို ခံရနိုင်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ Experian နဲ့ အတူ အလုပ်လုပ်ပြီး ၀ယ်ယူသူ အားလုံးအတွက် ကာကွယ်ရေးခြေလှမ်းတွေပြင်ဆင်ဖို့ အတတ်နိုင်ဆုံးမြန်ဆန်စွာ လုပ်ဆောင်ပေးသွားမှာပါ။ အစကတော့ ကျွန်တော် ဒီဒေတာ အခိုးခံရမှုနဲ့ ပတ်သတ်ပြီး ဒေါသထွက်သွားပါတယ်။ Experian နဲ့လည်း အဆင်မပြေမှုတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ရဲ့ အဓိက တာဝန်က သုံးစွဲသူတွေ ထိခိုက်သွားတာတွေကို ကူညီဖို့ပဲ ဖြစ်ပါတယ်" လို့ John Legere က ဆိုပါတယ်။

ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့လည်း T-Mobile က ထိခိုက်နစ်နာခဲ့တဲ့ ၀ယ်ယူသူတွေအတွက် အခမဲ့ အကြွေးစောင့်ကြည့်ခြင်း ၀န်ဆောင်မှု ကို ၂ နှစ်တိတိ ဆောင်ရွက်ပေးသွားမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

ဒီလို ဒေတာတွေခိုးယူသွားတဲ့ ဟက်ကာ ဘယ်သူလည်း ဆိုတာ အတိအကျတော့ မသိရသေးပါဘူး။ အခုလို လုပ်ဆောင်ချက် ပြင်းတဲ့ ဆိုက်ဘာ တိုက်ခိုက်မှု တွေဟာ ၂ နှစ်အတွင်းမှာ Sony Pictures ၊ eBay နဲ့ အရွယ်ရောက်ပြီးသူတွေ ကြည့်တဲ့ ၀က်ဘ်ဆိုက် Ashley Madison တို့ကို တိုက်ခိုက်ခံရပြီးမှာ ဖြစ်ပွားခဲ့တဲ့ ဟက်(Hack) လုပ်ခံရမှု အကြီးစားတစ်ခုလည်း ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment