Powered by Blogger.

မိုက်ခရိုဖုန်းနဲ့ touchscreen ပါဝင်တဲ့ စမတ်လက်စွပ်ကို Apple လုပ်ဆောင်လျက်ရှိ




Apple က တင်ထားတဲ့မူပိုင်ခွင့်လျှောက်လွှာတစ်ခုအရ Apple ဟာ စမတ်လက်စွပ်ကို ဖန်တီးလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ လက်စွပ်မှာ touchscreen interface ၊ ၀တ်ဆင်ထားသူရဲ့ လက်လှုပ်ရှားမှုတွေကို စောင်ကြည့်စစ်ဆေးနိုင်မယ့် လှုပ်ရှားမှုအာရုံခံကိရိယာတွေ ပါဝင်နိုင်တယ်လို့ သိရပါတယ်။ touchpad ဒါမှမဟုတ် touchscreen ပါဝင်လာနိုင်ပြီး ၀တ်ဆင်ထားသူကို notification တွေ သတိပေးနိုင်အောင်လို့  လက်စွပ်ကနေ တုန်ခါမှုလိုမျိုး heptic feedback တွေပေးနိုင်မှာဖြစ်ပါတယ်။ Siri ကိုအသုံးပြုပြီး အသံနဲ့  စေခိုင်းမှုတွေလုပ်နိုင်အောင်အတွက်လည်း မိုက်ခရိုဖုန်းတစ်ခု ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

လက်ရှိ touchpad နဲ့ touchscreen တွေကိုအသုံးပြုမှုဟာ အဆင်မပြေမှုတွေ၊ လေးလံပြီးဝန်ကျယ်မှု၊ နဲ့ တစ်ချို့ လုပ်ငန်းဆောင်တာတွေ၊ application တွေလုပ်ဆောင်ဖို့ အတွက် မလုံလောက်မှုတွေ ရှိနေပါတယ်။ touchscreen က ထွက်တဲ့အလင်းရောင်ဟာ တစ်ချို့ လူမှုရေးအခြေအနေတွေမှာ မသင့်လျော်မှုတွေရှိနိုင်ပြီး တစ်ချို့ အခြေအနေတွေမှာ အန္တရာယ်ကြုံတွေ့ နေရတဲ့ user တစ်ယောက်ရဲ့ တည်နေရာကို touchscreen က အလင်းရောင်ကနေ သိရှိနိုင်တာကြောင့် အန္တရာယ်များတယ်လို့ ဆိုပါတယ်။

ယခုလက်စွပ်ဟာ စာတိုပို့ တာမျိုးမှာ လက်ရဲ့လှုပ်ရှားမှုပုံစံကို မှတ်သားပြီး ဘာစာရေးနေလဲဆိုတာကို လက်စွပ်က ခွဲခြားသိနိုင်မယ်လို့ ဆိုပါတယ်။
Apple က တင်ထားတဲ့ မူပိုင်ခွင့်လျှောက်လွှာကို အမေရိကားမူပိုင်ခွင့်နဲ့ ကုန်ပစ္စည်းမှတ်ပုံတင်ရုံးက ကြာသပတေးနေ့ ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့်လျှောက်လွှာမှာ ယခုစမတ်လက်စွပ် အကြောင်း ပါဝင်လာတာဖြစ်ပါတယ်။

Apple စမတ်လက်စွပ်မှာ ကွန်ပြူတာပရိုဆက်ဆာနဲ့ ချိတ်ဆက်ထားတဲ့ ကြိုးမဲ့ ရေဒီယိုလှိုင်းလွှင့်နိုင်၊ဖမ်းနိုင်တဲ့ transceiver စက်တစ်ခု ပါရှိမှာဖြစ်ပြီး အနည်းဆုံး တစ်ခြားအီလက်ထရောနစ်ပစ္စည်းတစ်မျိုးမျိုးနဲ့  ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment