Powered by Blogger.

၂၀၁၉ ခုနှစ်မှာ အီလက်ထရစ်ကားတွေ ထုတ်လုပ်ရောင်းချမယ်လို့ Volvo ကြေညာ




ကမ္ဘာကျော် ကားကုမ္မဏီ တစ်ခုဖြစ်တဲ့ Volvo ဟာ အလိုလျောက်မောင်းနှင်နိုင်မယ့် မောင်းသူမဲ့ ကားတွေ ထုတ်လုပ်ဖို့ စိုင်းပြင်းနေခဲ့ရာကနေ အခုတော့ အီလက်ထရစ် ကားဘက်ကို ခြေဦးပြန်လှည့်လာခဲ့ပါပြီ။ ကုမ္မဏီက နောက်ဆုံး ထုတ်လုပ်မယ့် XC90 ဆိုတဲ့ ကားကတော့ စပ်ပေါင်း လောင်စာ အမျိုးအစားပဲ ဖြစ်ပြီး V60 plug-in ထည့်သွင်းထားတဲ့ ကားအမျိုးအစားပဲ ဖြစ်ပါတယ်။ လုံးဝ အီလက်ထရစ် တော့မဟုတ်ပါဘူး။

နောက်ဆုံးတော့ ဆွီဒင်နိုင်ငံအခြေစိုက် ကားကုမ္မဏီ ဖြစ်တဲ့ Volvo ဟာ အီလက်ထရစ် ကားတွေအားလုံးကို ၂၀၁၉ ခုနှစ်မှာ စတင်ရောင်းချမယ်ဆိုတာကို အတည်ပြုကြေညာလိုက်ပါပြီ။ ဒါ့အပြင် ကားတိုင်းအတွက်လည်း စပ်ပေါင်းလောင်စာ သုံး တဲ့ ဗားရှင်းတွေကို ထုတ်လုပ်သွားဖို့ စီစဉ်ထားပါတယ်တဲ့။

Volvo က ထုတ်လုပ်ဖို့စီစဉ်ထားတဲ့ အီလက်ထရစ် ကားတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အများကြီး ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတွေခန့်မှန်းထာားတာကတော့ S60 မော်ဒယ်လ် နဲ့ ဆင်တူဖွယ်ရှိနေပြီး ဆလွန်း အမျိုးအစားတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Volvo ရဲ့ အီလက်ထရစ်ကားတွေအားလုံးဟာ Tesla ရဲ့ 2016 Model 3 ဆိုတဲ့ အီလက်ထရစ် ကားနဲ့ ယှဉ်ပြိုင်လာဖွယ်လည်း ရှိနေပါတယ်။

ဘာပဲ ဖြစ်ဖြစ် Volvo ရဲ့ အမှုဆောင်အရာရှိချုပ် Hakan Samuelsson ကတော့ လူတွေအားလုံးဟာ သူတို့ ထုတ်လုပ်မယ့် ကားတွေအပေါ် စမ်းသပ်ကြည့်ဖို့ အသင့်ဖြစ်နေတယ်လို့ ယုံကြည်နေပြီး လာမယ့် ၂၄ လ အတွင်းမှာ Volvo ကရောင်းချမယ့် မော်တော်ကား ၁၀ ရာခိုင်နှုန်းခန့်ဟာ အီလက်ထရစ် ဗားရှင်းတွေဖြစ်လာလိမ့်မယ်လို့လည်း ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment