Powered by Blogger.

Android နဲ့ Chrome OS ကိုပေါင်းစည်းဖွယ်ရှိ




Google က သူပိုင်တဲ့ Androd နဲ့ Chrome OS တွေကို ပေါင်းစည်းမလားဆိုတာကို လူတွေသိချင်နေခဲ့ ကြတာ နှစ်နဲ့ချီနေပါပြီ။ ဒီလိုမျိုး အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

Google အနေနဲ့ Chrome OS နဲ့ Android ကိုပေါင်းစပ်ဖို့ရာ လုပ်ဆောင်နေခဲ့တာ ၂နှစ်ကြာသွားပြီလို့ Wall Street Journal က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ပေါင်းစပ်ပြီး ထွက်လာတဲ့ OS ကို ၂၀၁၇ခုနှစ်လောက်မှာ တရားဝင် ထွက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ နောက်နှစ် စောနိုင်သမျှစောစော အချိန်မှာပဲ ကနဦးဗားရှင်းကို ကျွန်တော်တို့ မြင်တွေ့ရနိုင်ဖွယ် ရှိပါတယ်။

Google က Chrome OS ကို သတ်နိုင်တယ်လို့ တချို့က သတင်းထုတ်ပြန်ထားပေမဲ့ Google အနေနဲ့ နည်းဗျူဟာနှစ်ခွတွေ ရှိထားနိုင်ပါတယ်။ စီမံကိန်း တစ်ခုချင်းစီရဲ့ ကံကြမ္မာကို သိတဲ့ Chrome OS, Chromecast နဲ့ Android တို့ရဲ့ ဒုဥက္ကဌ Hiroshi Lockheimer ကတော့ “Chrome OS ကို ကျွန်တော်တို့ တကယ်မြတ်နိုးပါတယ်။” လို့ ပြောခဲ့ပါတယ်။

ပေါင်းစပ်ထားတဲ့ OS သစ်ကို သိပ်မဝေးတော့တဲ့ တိကျတဲ့ကာလတစ်ခုမှာ ကျွန်တော်တို့ မြင်တွေ့နိုင်မှာပါ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: engadget


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment