Powered by Blogger.

ရွှေနှင်းဆီရောင် နားကြပ်တွေကို Beats ထုတ်လုပ်



Apple ဟာ သူ့ရဲ့ တည်ငြိမ်တဲ့အရောင်တွေဖြစ်တဲ့ အာကာသမီးခိုးရောင်၊ ငွေရောင် နဲ့ ရွှေရောင်တွေကို ရိုက်ချိုးလိုက်ပြီး ဒီနှစ်အစောပိုင်းမှာ အာရုံနောက်စေတဲ့ ပန်းရောင် iPhone ကို မိတ်ဆက်ခဲ့ပါတယ်။

ပန်းရောင် Apple နာရီတွေကို ထုတ်ခဲ့သလိုမျိုးပဲ ရွှေနှင်းဆီရောင်ကလည်း အောင်မြင်ဖို့ရှိပါတယ်။ ဒီခေတ်ရေစီးကြောင်းက ဆက်လိုက်လာပါပြီ။ Apple ဟာ Beats Solo2 ကြိုးမဲ့နားကြပ်တွေနဲ့ urBeats နားကြပ်တွေကို ရွှေနှင်းဆီရောင်နဲ့ စတင်ထုတ်လုပ်ခဲ့ပါပြီ။

ဒီ Beats နားကြပ်နှစ်မျိုးလုံးက တခြားမှတ်လောက်သားလောက်စရာ မပြောင်းလဲသွားဘဲ အရောင် ရွေးချယ်မှုပိုင်းမှာပဲ ပြောင်းလဲသွားတာပါ။  Solo2 အတွက်ကို ကန်ဒေါ်လာ ၂၉၉ ဆိုတာ ဈေးနည်းနည်းများနေသေးပေမဲ့ ဒီနားကြပ်နှစ်မျိုးစလုံးက Beats ထုတ်ကုန်တွေထဲမှာ တော်တော်လေးကောင်းနေဆဲပါ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: the Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment