Powered by Blogger.

စစ်သားများရဲ့ ဦးနှောက်ကိုဖတ်ရန် နည်းလမ်း တပ်မတော်က ပြုလုပ်






စစ်သားတွေရဲ့ ဦးနှောက်ကို ဖတ်နိုင်ဖို့ရာ နည်းလမ်းတစ်ရပ်ကို အမေရိကန်တပ်မတော်ကနေ ပြုလုပ်ဖန်တီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

တပ်မတော် အသိပညာ ဆန်းစစ်သူတွေက အချိန်များစွာပေးပြီး ဒရုန်းတွေ၊ စောင့်ကြည့်စနစ်တွေ လိုမျိုး ရင်းမြစ်များစွာကလာတဲ့ မရေမတွက်နိုင် ပုံရိပ်တွေကို လေ့လာစမ်းစစ်ခဲ့ကြပါတယ်။ 

ဦးနှောက်သိပံပညာရှင် ဒေါက်တာ Andthony Ries က အလိုအလျောက် ပရိုဂရမ် တစ်ခုကို ရေးဆွဲခဲ့ပါတယ်။ ဒီပရိုဂရမ်က လုပ်ငန်းစဉ်ကို အရမ်းပိုမြန်အောင် လုပ်ဆောင်နိုင်ပါတယ်။ 

Ries က MIND Lab လို့ခေါ်တဲ့ အမေရိကန်စစ်တပ် သုတေသနအဆောက်အအုံမှာ အလုပ်လုပ်တာပါ။ MIND Lab က ဦးနှောက်လှိုင်းတွေကို ဘာသာပြန်နိုင်တဲ့ ပရိုဂရမ်တစ်ခုကို လုပ်ဆောင်နေတာပါ။ တနည်းပြောရရင် လူ့စိတ်ကို ဖတ်နိုင်တယ်ပေါ့။ 

စစ်သားတစ်ယောက်ကို လှေ၊ ပန်ဒါ၊ စတော်ဘယ်ရီ၊ လိပ်ပြာ၊ စတဲ့ ပုံရိပ်တွေကို ကြည့်ခိုင်းပြီး ဦးနှောက်က တစ်စက္ကန့်ထုတ်လွှင့်နှုန်းတွေကို တိုင်းတာ စစ်ဆေးခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီ့စစ်သားက လှေ အုပ်စုကို ကြည့်နေခဲ့တယ်ဆိုတာကို ပရိုဂရမ်က အဖြေထုတ်နိုင်ခဲ့ပါတယ်။ 

( Skyler )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment