Powered by Blogger.

နိုဝင်ဘာ ၂၄ရက်နေ့ Xiaomiပွဲမှာ Redmi Note 3 ကို ပြသဖို့ရှိ




Redimi Note 2 Pro ထွက်ရှိလာဖို့ကို ကျွန်တော်တို့ မျှော်လင့်ခဲ့ရသလိုပဲ၊ ခုလည်း Redmi Note 3 ထွက်ရှိလာဖို့ကို စောင့်မျှော်ရမယ့် အချိန်ဖြစ်ပါတယ်။ နက်ဖြန် နိုဝင်ဘာလ ၂၄ရက်နေ့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Xiaomi ရဲ့ ပွဲမှာ Redmi Note 3 ကို ပြသမယ်လို့ Xiaomi က အချိန်ဇယားဆွဲခဲ့ပါတယ်။

ဒီနှစ် သြဂုတ်လတုန်းက Redmi Note 2 ကို ထုတ်ခဲ့တာဖြစ်ပြီး ၄င်းထက် နောက်မော်ဒယ်ဖြစ်တဲ့ Redmi Note 3 ဟာ နက်ဖြန်ဆို တရားဝင်ဖြစ်လာပါပြီ။ သတ္တုဒီဇိုင်းနဲ့တကွ ဖုန်းနောက်ဘက်မှာ လက်ဗွေဖတ်စနစ် ပါရှိမယ်ဆိုတာကို ပြထားတဲ့ ပုံကို Xiaomi ဥက္ကဌ Lin Bin က သူ့ရဲ့ Weibo အကောင့်မှာ တင်ထားခဲ့ပါတယ်။

ခုထက်ထိ သိထားရသလောက်ကတော့ Redmi Note 3 ကို Media Tek ကထုတ်လုပ်တဲ့ MT6795 (Helio X10) ချစ်ပ် တပ်ဆင်ထားပြီး 1920x1080 ပြသမှုအရည်အသွေးရှိ ၅.၅ လက်မအရွယ် မျက်နှာပြင်ပါရှိပါမယ်။ RAM 2GB/ Storage 16GB နဲ့ RAM 3GB/ Storage 32GB ဆိုပြီး နှစ်မျိုးလာမှာဖြစ်ပြီး ရှေ့ဘက်ကင်မရာ 5MP နဲ့ နောက်ဘက်ကင်မရာ 13MP ပါရှိမှာပါ။ ဘက်ထရီကတော့ 4000mAh ဖြစ်တဲ့အတွက် အတော်အသုံးခံမယ့် ဖုန်းတစ်လုံး ဖြစ်မယ်လို့ ယူဆရပါတယ်။

( Skyker )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com




Ref: Gsmarena
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment