Powered by Blogger.

အူရီဒူး ရဲ့ ငွေဖြည့်လက်ဆောင် အစီအစဉ်သစ် ကို သုံးစွဲသူတွေ သဘောကျ




မြန်မာနိုင်ငံ ရဲ့ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းတစ်ခုဖြစ်တဲ့ အူရီဒူး(ooredoo)ဟာ သုံးစွဲသူတွေကို ငွေဖြည့်အစီအစဉ်သစ်တွေ ပေးအပ်ခဲ့ပြန်ပါတယ်။

ထို အစီအစဉ်အရ ရရှိလာမယ့် ငွေဖြည့်လက်ဆောင်တွေကို အင်တာနက်သုံးစွဲခွင့် ၊ အင်တာနက် Package ၀ယ်ယူခွင့် ၊ ပြည်တွင်းဖုန်းခေါ်ဆိုမှု ၊ SMS အသုံးပြုခြင်း စတဲ့ ၀န်ဆောင်မှုတွေကို အသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒီအစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်နေ့က စတင်ခဲ့တာပါတယ်။

ရရှိမယ့် ငွေဖြည့်လက်ဆောငတွေကတော့  ၁,၀၀၀ ကျပ်ဖြည့်သွင်းပါက ၂၀၀ ကျပ် အပိုလက်ဆောင်၊ ၃,၀၀၀ ကျပ်ဖြည့်သွင်းပါက ၁,၀၀၀ ကျပ် အပိုလက်ဆောင်၊ ၅,၀၀၀ ကျပ်ဖြည့်သွင်းပါက ၂,၀၀၀ ကျပ် အပိုလက်ဆောင်၊ ၁၀,၀၀၀ ကျပ်ဖြည့်သွင်းပါက ၅,၀၀၀ ကျပ် အပိုလက်ဆောင်နဲ့၊ ၂၀,၀၀၀ ကျပ်အထိ ဖြည့်သွင်းမယ်ဆိုရင်တော့ နောက်ထပ် ၂၀,၀၀၀ ကျပ်တောင် အပိုလက်ဆောင် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

အီလက်ထရောနစ်နည်းပညာနဲ့ ငွေဖြည့်သွင်းမှုတွေအတွက်တော့ အပိုလက်ဆောင်ပမာဏကို ဖြည့်သွင်းတဲ့ ငွေပမာဏ ပေါ်မူတည်ပြီး သတ်မှတ်ရာခိုင်နှုန်းနဲ့တွက်ချက်ပေးမှာဖြစ်ပြီး ထိုငွေဖြည့်လက်ဆောင်တွေကို ၁၅ ရက်အတွင်း သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

"အဆင်ပြေတယ်ဗျာ။ နည်းနည်းလေးပဲ ငွေဖြည့်လဲ နည်းနည်းလေးတော့ ပိုရလိုက်တာပေါ့။ ဒါကလက်ဆောင်ပဲ ၊ နည်းတယ်များတယ် ပြောလို့တော့မရဘူးလေ ၊ ကိုယ့်ဘက်က အရှုံးမှမရှိတာ။ ၁၅ ရက်အတွင်းဆိုတော့လည်း သုံးဖို့ အချိန်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအစီအစဉ်ကို သဘောကျပါတယ်" လို့ အူရီဒူး သုံးစွဲသူတစ်ဦးက ဆိုပါတယ်။

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment