Powered by Blogger.

လော်ရီကားနဲ့ တက်ကြိတ် စမ်းသပ်တာတောင် မကွဲခဲ့တဲ့ Motorola ရဲ့ အက်ကွဲခံ Moto X Force ဖုန်း




Motorola ကုမ္ပဏီဟာ မကြာသေးမီက ထုတ်ခဲ့တဲ့ Moto X Force ဖုန်းရဲ့ ၅.၄ လက်မအရွယ် ဖန်သားပြင်ကို အက်ကွဲမှုခံနိုင်အောင်ပြုလုပ်ဖို့ အတွက် အချိန်သုံးလယူခဲ့ရတယ်လို့ ဆိုပါတယ်။

Motorola ရဲ့ အဆိုပါပြောကြားချက်ကို ဗြိတိန်သတင်းဝက်ဘ်ဆိုဒ် Daily Mail က လက်တွေ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပထမစမ်းသပ်ချက်အနေနဲ့ Moto X Force စမတ်ဖုန်းကို စာရိုက်နေရင်းနဲ့ လက်ထဲက ချော်ကျတဲ့ သာမန် မတော်တဆ ပုံစံမျိုးနဲ့ ရုံးတွင်းခင်းထားတဲ့ ကော်ဇော်ပေါ် တမင်သက်သက် ပစ်ချကြည့်ခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ နားလောက်ရှိတဲ့အမြင့်ကနေ ပစ်ချခဲ့တာတောင် ဖုန်းဟာ မကွဲမအက်ပဲရှိနေခဲ့ပါတယ်။

ထိုနောက် ရုံးအဆောက်အဦးကအထွက်မှာ ဖုန်းကို စကျင်ကျောက်ခင်ထားတဲ့ကြမ်းပြင်အမာဆီကို ထပ်မံ ပစ်ချခဲ့ကြည့်ပြန်ပါတယ်။ ဖုန်းဟာ ကြမ်းပြင်ပေါ်ကို အသံကျယ်ကျယ်နဲ့ ပြုတ်ကျသွားခဲ့ပေမယ့်လည်း ခြစ်ရာ တောင်မထင်ခဲ့ပါဘူး။

နောက်ထပ်တစ်ကြိမ် လမ်းသွားရင်း၊ လက်တစ်ဖက်နဲ့ စာရိုက်တုန်း ဖုန်းလွတ်ကျတဲ့ပုံစံနဲ့ တတိယအကြိမ် ကျောက်ပြားခင်းထားတဲ့ပလက်ဖောင်းပေါ် လွှတ်ချခဲ့ပေမယ့်လည်း ဖန်သားပြင်မှာ အစွန်းအထင်းမရှိတာကို တွေ့ ရှိခဲ့ရပါတယ်။ ဒါပေမယ့် ဖုန်းရဲ့သတ္တုအပြင်ဘောင်မှာတော့ ခြစ်ရာလေးတစ်ခု ထင်သွားပါတယ်။ ထို့ နောက် ပလက်ဖောင်းပေါ်ကဆင်းရင် လမ်းမပေါ်လွှတ်ချကြည့်ခဲ့ရာမှာ ခြစ်ရာတွေ ဘောင်မှာ ပိုဖြစ်သွား ပေမယ့် ဖန်သားပြင်ကတော့ ကြည်လင်လျက်ရှိတုန်းပါပဲ။

ယခုလို ဖုန်းကိုလွှတ်ချစမ်းသပ်မှုတွေတိုင်းမှာ ဖုန်းဟာ မအက်ကွဲခဲ့တာကြောင့်၊ ဖုန်းရဲ့ဖန်သားပြင်ခံနိုင်ရည်ကို အဆုံးစွန်အထိ စမ်းသပ်ဖို့ Daily Mail ကဆုံးဖြတ်လိုက်ပါတယ်။

 အက်ကွဲမှုခံနိုင်တယ်ဆိုတဲ့ Moto X Force ဖုန်းကို လော်ရီကားနောက်ဘီးမှာ ထားပြီး ဒရိုင်ဘာက ကားကို ဖြေးညှင်းစွာနောက်ဆုတ်ကာ ဖုန်းပေါ် တက်ကြိတ်ကြည့်ခဲ့ပါတယ်။

ဖုန်းဟာ ကွန်ကရစ်ကြမ်းပြင်နဲ့ ကြိတ်မိတာ တကျွတ်ကျွတ်မြည်သံထွက်ပေါ်ခဲ့ပေမယ့်လည်း အံ့အားသင့်စရာ ကောင်းစွာပဲ၊ ဖန်သားပြင်က မပျက်မစီးရှိနေတာကို တွေ့ ရှိခဲ့ရပါတယ်။ ဒရိုင်ဘာဟာ အလျှော့မပေးဘဲ၊ နောက်တစ်ကြိမ်ဖုန်းကို တက်ကြိတ်ခဲ့ကြည့်ပေမယ့်လည်း ဖုန်းဖန်သားပြင်ဟာ အက်ရာကင်းနေတာကို တွေ့ ရှိခဲ့ရတယ်လို့ သိရပါတယ်။

Moto X Force ဖုန်းဟာ ၅.၄ လက်မ Quad HD AMOLED ဖန်သားပြင်ရှိပြီး၊ ကျောဘက်ကင်မရာက 21 MP ရှိကာ ရှေ့ ကင်မရာကတော့ flash မီးနဲ့ 5 MP ရှိပါတယ်။ ဘက်ထရီသက်တမ်း ၄၈ နာရီခံတယ်လို့ ဆိုပြီး Motorola ရဲ့ TurboPower အားသွင်းစွမ်းဆောင်ရည်ကြောင့် ဘက်ထရီအား ၁၃ နာရီစာကို ၁၅ မိနစ်အတွင်း သွင်းလို့ ရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment