Powered by Blogger.

Power Bank တစ်ခုလို အခြားဖုန်းတွေကို အားသွင်းပေးနိုင်မယ့် 10000mAh ဘက်ထရီ ရှိ စမတ်ဖုန်း




Oukitel ဆိုတဲ့ တရုတ် ဟန်းဆက် ကုမ္မဏီဟာ ဘက်ထရီ ပမာဏ 10000 mAh ရှိတဲ့ စမတ်ဖုန်းအသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ မှတ်မှတ်ရရ ထို ကုမ္မဏိဟာ ဇူလိုင်လကတည်းက 10000mAh ဘက်ထရီပါမယ့် စမတ်ဖုန်းကို ဖန်တီးနေတယ်ဆိုတဲ့ ကောလာဟလ တွေထွက်ခဲ့ဖူးပါတယ်။

ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၂၃၉.၉၉ သာကျသင့်မှာဖြစ်ပြီး ထို Outikel K10000 ဆိုတဲ့ ဟန်းဆက် အသစ်ကို အမေရိကန် အခြေစိုက် e-commerce ကုမ္မဏီတွေက တဆင့် ကြိုတင်မှာယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့တော့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်မှာ စတင် ဖြန့်ချီ ရောင်းချမှာဖြစ်ပါတယ်။

Outikel ကုမ္မဏီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းကလည်း Oukitel K6000 ဆိုတဲ့ ဖုန်းတစ်လုံးကို ထုတ်လုပ်ခဲ့ပြီး ထို ဖုန်းဟာလည်း ဘက်ထရီ ပမာဏ 6000mAh ပါဝင်ပါတယ်။ အခု မကြာခင် ထုတ်လုပ်တော့မယ့် K10000 ရဲ့ ထူးခြားချက်ကတော့ Reverse Charging လို့ခေါ်တဲ့ ပြောင်းပြန် အားသွင်းယူခြင်း စနစ်ကိုပါ အသုံးပြုနိုင်မှာပါ။ Reverse Charging စနစ်အရတော့ ထိုဖုန်းကို Power Bank တစ်ခုသဖွယ် အသုံးပြုပြီး အခြားဖုန်းတွေကိုပါ အားသွင်းပေးနိုင်မယ့် စနစ်ပဲ ဖြစ်ပါတယ်။

ကုမ္မဏီက အခိုင်အမာ ဆိုထားတာကတော့ Outikel K10000 ဟာ iPhone 6s Plus ၃လုံးကို အားသွင်းပေးနိုင်တဲ့ ဘက်ထရီ စွမ်းအင်တွေပိုင်ဆိုင်ထားပါတယ်တဲ့။

Android 5.1 Lollipop စနစ်ကို ထည့်သွင်းထားသလို ၊ dual-SIM လည်းဖြစ်ပြီး 4G LTE ကွန်ရက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ၅.၅ လက်မကျယ်ဝန်းတဲ့ HD မျက်နှာပြင် ၊ 1GHz quad-core MediaTek MT6735 SoC ဆိုတဲ့ Processor ၊ RAM က 2GB ၊ အတွင်းသိုလှောင် ပမာဏ 16GB ပါဝင်ပြီး ၊ အနောက်ကင်မရာက 8MP နဲ့ အရှေ့ကင်မရာက 2MP စွမ်းဆောင်ရည်ရှိပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment