Powered by Blogger.

လေထုထဲက စိုထိုင်းဓာတ်ကို သောက်သုံးရေအဖြစ်ပြောင်းလဲပေးနိုင်မယ့် ခရီးဆောင်ရေသန့်စင်စက်


ခရီးရှည်စက်ဘီးစီးနေတုန်း ရေဘူးကရေကုန်သွားတာမျိုး လောက် စက်ဘီးစီးသမားတစ်ယောက်အတွက် စိတ်ညစ်စရာကောင်းတဲ့အရာမရှိပါဘူး။ ခန္ဓာကိုယ်ကရေဓာတ်ခန်းခြောက်သွားတာနဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာပြီး လူတစ်ကိုယ်လုံးမသယ်ချင်ဖြစ်လာတတ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းပေးမယ့် Fontus ဆိုတဲ့ စက်ဘီးပေါ်မှာတပ်ဆင်ရတဲ့ကိရိယာတစ်မျိုးကို ဒီဇိုင်းကျောင်းသား Kristof Retezar က တီထွင်လိုက်ပါတယ်။

Fontus စက်ဟာ နေရောင်ခြည်စွမ်းအင်နဲ့ သာမိုအီလက်ထရစ်အအေးခံနည်းကို အဓိကအသုံးပြုထားပါတယ်။ နေရောင်ခြည်စွမ်းအင်ခံပြားတွေဟာ လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးကာ  စက်ရဲ့အပေါ်ပိုင်း၊ လေ၀င်တဲ့နေရာကို အေးမြစေပါတယ်။ ထို့နောက်မှာတော့ တိုက်ဝင်လာတဲ့လေတွေဟာ အကန့်နှစ်ကန့်ပါတဲ့အအေးခံအခန်းကိုဝင်ရောက်ပြီး လေထုထဲပါလာတဲ့အစိုဓာတ်တွေ ငွေ့ရည်ပျံပြီး၊ အောက်ကရေဘူးထဲကို တစ်စက်ချင်းကျ သွားမှာဖြစ်ပါတယ်။

ဒီလိုရိုးရှင်းတဲ့နည်းနဲ့၊ လေထုထဲကအစိုဓာတ်တွေကို ရေအဖြစ် Fontus စက်က ပြောင်းလဲပေးနိုင်တာ ဖြစ်ပါတယ်။ယခုစက်မှာ လီတာဝက်ဆံ့တဲ့ရေသန့်ဘူးတိုင်း တပ်ဆင်အသုံးပြုနိုင်ပြီး၊ သောက်သုံးရေရှားပါးတဲ့နေရာမျိုး တွေမှာ သောက်သုံးရေလွယ်ကူစွာရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


ဒါပေမယ့် ဒီစက်ကို မြို့ပြလိုနေရာမျိုးမှာ အသုံးပြုဖို့အတွက် သင့်တော်မှာမဟုတ်ပါဘူး။ မြို့ပြက လေထုဟာ အထူးသဖြင့် ညစ်ညမ်းနေပြီး၊ ထုတ်ယူထားတဲ့ရေဟာလည်း သောက်သုံးဖို့အတွက် သင်တော်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Fontus စက်ဟာ အပူချိန် ၈၀ ဒီဂရီနဲ့ ၁၀၀ ဒီဂရီကြား၊ ပူအိုက်၊စိုထိုင်းတဲ့လေထုမှာ တစ်နာရီကို ရေလီတာဝက် ထုတ်ပေးနိုင်ပြီး၊ ယခု Fontus ရှေ့ပြေးပုံစံစက်ဟာ ဒေါ်လာ ၄၀ လောက်ပဲကုန်ကျခဲ့တယ်လို့ သိရပါတယ်။

Retezar ဟာ Fontus စက်လိုမျိုး ဖြတ်သန်းတိုက်ခတ်လာတဲ့ လေကိုပဲ အဓိကထားစရာမလိုဘဲ၊ ပြင်ပလေထုကိုစုပ်ယူကာ သောက်သုံးရေထုတ်ပေးနိုင်မယ့် သီးသန့်စက်တစ်မျိုးကို လုပ်ဆောင်လျက်ရှိကာ စိုစွတ်မှုမြင့်မားပြီး၊ ရေရှားပါးတဲ့ဒေသတွေမှာ အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။



( Ye Wint )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Live Science





Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment