Powered by Blogger.

LeTV အမှတ်တံဆိပ်က “ကမ္ဘာ့အပါးဆုံး ၆၅ လက်မ တီဗွီ” တစ်လုံးကို မိတ်ဆက်ပြသ




တရုတ်နိုင်ငံ အခြေစိုက် အင်တာနက် ကုမ္မဏီ တစ်ခုဖြစ်တဲ့ LeTV ဟာ လတ်စ်ဗီးဂတ်စ် မြို့ မှာကျင်းပခဲ့တဲ့ CES 2016 ပွဲတော်မှာ ကမ္ဘာအပါးလွှာဆုံး တီဗွီဖြစ်တဲ့ ၆၅ လက်မ အရွယ်အစားရှိ Super 4 Max65 Blade ကို မိတ်ဆက် ပြသခဲ့ပါတယ်။

ထို ကမ္ဘာ့အပါးလွှာဆုံး တီဗွီဟာ ၃.၉ မီလီမီတာ သာ အထူရှိပြီး ကုမ္မဏီ ရဲ့ ပြောကြားချက်အရတော့ ထို တီဗွီ ရဲ့ အထူဟာ အကြွေစေ့ ၂ စေ့ ကို ထပ်ထားသလောက်သာ ထူထပ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုတီဗီဟာ အသံထွက်စနစ်ကောင်းမွန်စေဖို့အတွက်လည်း စပီကာ ကို အောက်ခြေမှာ သီးသန့်ထားရှိထားတာဖြစ်ပါတယ်။

Super 4 Max65 Blade တီဗွီဟာ LeTV ရဲ့  ၇၀ လက်မ အရွယ် Super 4 Max70 နဲ့ ၆၅ လက်မ အရွယ် Super 4 Max 65 Curved တီဗွီတို့ကို ဘေဂျင်းမြို့ မှာ ထုတ်လုပ်ပြီးတဲ့နောက်မှာ ထွက်ပေါ်လာတဲ့ ထုတ်ကုန်အသစ်တစ်မျိုးလည်းဖြစ်ပါတယ်။

ထို CES ပွဲတော်မှာပဲ LeTV က ထုတ်ဖော်ကြေညာခဲ့တာတွေကတော့ သူတို့ဟာ အမေရိကမှာ လုပ်ဆောင်နေတဲ့ အီလက်ထရစ်ကား စီမံကိန်း တစ်ခုဖြစ်တဲ့ Faraday Future နဲ့လည်း ပူးပေါင်းထားတယ်လို့ သိရပြီး ဖုန်းထုတ်လုပ်မှုအနေနဲ့လည်း Le Max Pro ဆိုတဲ့ စမတ်ဖုန်း တစ်မျိုး ကို မိတ်ဆက်ပြသခဲ့ပါသေးတယ်။ အဲဒီဖုန်းကတော့ Qualcomm Snapdragon 820 Processor ကို အသုံးပြုထားမယ့် ကမ္ဘာ့ပထမဆုံး ဖုန်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Le Max Pro ဟာ Qualcomm ရဲ့  Quick Charge 2.0 နည်းပညာ ကို ထည့်သွင်းအသုံးပြုထားတာကြောင့် Le Max Pro ဟာ မိနစ် ၃၀ ခန့် အားသွင်းထားရုံနဲ့ ဖုန်းဘက်ထရီ ကို သုည ရာခိုင်နှုန်းကနေ ခြောက်ဆယ် ရာခိုင်နှုန်းအထိ အားပြန်ပြည့်သွားစေနိုင်ပါတယ်။ ဒီဖုန်းရဲ့  အသေးစိတ်အချက်အလက်တွေကိုတော့ LeTV ကုမ္မဏီက ထုတ်ဖော်ပြောပြခြင်းမရှိခဲ့ပါဘူး။

( Credit to Digitaltimes.com.mm )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment