ဟက်လို့မရတဲ့ iPhone ကို ကြိုးစားထုတ်လုပ်နေကြောင်း Apple ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Apple နဲ့ FBI တို့ရဲ့ကြားက တိုက်ပွဲက အခုဆိုရင် ပြီးဆုံးတော့မှာပါ။ ကုတ်ဖြည်တာနဲ့ပတ်သက်တဲ့ လာမယ့်တိုက်ပွဲအတွက် Apple က စိတ်ချလုံခြုံရအောင် လုပ်ဆောင်နေပါတယ်။
အမေရိကန်အစိုးရနဲ့ Apple ရဲ့ တိုက်ပွဲအလယ်မှာ နည်းပညာတွေအသုံးပြုပြီး ဟက်ခံရခြင်းမှ ကင်းဝေးအောင် iPhone ရဲ့ လုံခြုံရေးစံနှုန်းသစ်တွေကို Apple အင်ဂျင်နီယာတွေက လုပ်ဆောင်နေကြောင်း New York Times က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုစံနှုန်းသစ်တွေကို Apple အသုံးပြုသူတွေအနေနဲ့ ချက်ချင်းရနိုင်မယ့် ပုံတော့ မပေါ်ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ Apple မှ ကိုယ်စားလှယ်တွေက ချက်ချင်းကြီး မှတ်ချက်တစ်စုံတရာပေးဖို့ မတတ်နိုင်ဘူးဆိုပြီး မှတ်ချက်ပေးဖို့ကို ငြင်းဆန်ခဲ့ပါတယ်။
( Skyler )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: CNet
0 comments:
Post a Comment