Powered by Blogger.

ဘက်စုံထောင့်စုံ လှည့်ပတ်ကြည့်ရှုနိုင်မယ့် ညစ်ညမ်းကားတွေကို Pornhub မိတ်ဆက်



Pornography ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Pornhub ဝက်ဘ်ဆိုက်ကတော့ ၃၆၀ ဒီဂရီ ပတ်လည်ကြည့်ရှုနိုင်မယ့် VR ညစ်ညမ်းကားတွေကို တရားဝင်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ဒီဇာတ်ကားတွေကို ထုတ်လုပ်ဖို့အတွက်တော့ Pornhub ဟာ BaDoink ဆိုတဲ့ ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းခဲ့ရပြီး ဇာတ်ကားတွေကို အခုလို တစ်ပတ်လည် ကြည့်ရှုနိုင်အောင် အဓိက ကူညီရိုက်ကူးပေးခဲ့တယ်လို့ သိရပါတယ်။

သူတို့နဲ့ Pornography ဝက်ဘ်ဆိုက် ပြိုင်ဘက်ကောင်းတစ်ခုဖြစ်တဲ့ Naughty America ဝက်ဘ်ဆိုက်ကလည်း ဒီလို ဇာတ်ကားတွေကို ထုတ်လုပ်ဖို့ စီစဉ်ထားလျက်ရှိနေပြီး VR porn ခွင့်ပြုချက်ကို ရယူနေရတာကြောင့် ကြန့်ကြာနေတာဖြစ်တယ်လို့ သိရပါတယ်။

“VR Porn တွေကတော့ ဘယ်သူမဆို ကြိုက်နှစ်သက်တဲ့ ဇာတ်ကားအမျိုးအစားဖြစ်လာပါလိမ့်မယ်။ တကယ့်ကို အခွင့်အရေးကောင်းပါပဲ ” လို့ ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောကြားခဲ့ပါတယ်။ ဒီရဲ့ ဇာတ်ကားတွေကတော့ iPhone 6S နဲ့ဆိုရင်တော့ ကြည့်ရတာအနည်းငယ် အခက်အခဲရှိတယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : mashable



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment