Powered by Blogger.

Sony က PlayStation VR ကို အောက်တိုဘာလတွင် မိတ်ဆက်မည်


Gamer တွေအတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။ Sony က သူတို့ရဲ့ PlayStation VR ကို ၃၄၉ ဒေါ်လာနဲ့ အောက်တိုဘာလအတွင်းမှာ ဖြန့်ချိသွားတော့မှာဖြစ်ပါတယ်။

ဒီရဲ့ VR Headset အတွက် ကြိုတင်အော်ဒါတွေကို စတင်လက်ခံနေပြီဖြစ်ပြီး Facebook က ပိုင်ဆိုင်တဲ့ Oculus Rift VR , HTC Vive VR တွေနဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

ဒီရဲ့ Gaming VR တွေကို ဖွံ့ဖြိုးမှုမြန်ဆန်စေဖို့အတွက် Sony ဟာ Developer ပေါင်း ၂၃၀ ကျော်နဲ့ ချိတ်ဆက်လုပ်ကိုင်နေပြီး VR Game အမျိုးကွဲပေါင်း ၁၆၀ လောက်ထိကို ဖြန့်ချိသွားဖို့ ရည်မှန်းလျက်ရှိပါတယ်။

ဒီရဲ့ VR Headset မှာတော့ ခုံးနေတဲ့ မျက်နှာပြင်နဲ့ နားကျပ်တစ်ခုတို့ပါဝင်လာမှာဖြစ်ပြီး စတင်ဖြန့်ချိမယ့် အောက်တိုဘာလအတွင်းမှာတင် ဂိမ်းပေါင်း ၅၀ ကျော်ကို စတင်ကစားလို့ရအောင် Sony က ပစ်မှတ်ထားနေပါတယ်။

ဒီရဲ့ PlayStation VR ဟာဆိုရင်တော့ တစ်ခြား VR တွေဖြစ်တဲ့ Oculus Rift VR , HTC Vive VR တို့ထက် ဈေးနှုန်းချိုသာလျက်ရှိနေတာကို တွေ့ရပြီး Oculus Rift VR ကတော့ ဒေါ်လာ ၆၀၀ နဲ့ HTC Vive VR ကတော့ ၇၉၉ ဒေါ်လာအထိ ဈေးနှုန်းက မြင့်မားနေတာဖြစ်ပါတယ်။

Sony ဟာဆိုရင်တော့ Gaming လောကမှာ အောင်မြင်မှုပေါင်းများစွာကို ရရှိထားပြီး PS4 အလုံးရေ ၃၅.၉ သန်းနဲ့ Xbox Ones ရဲ့ အလုံးရေ ၁၉ သန်းရောင်းအားကို နှစ်ဆ နီးပါးဖြတ်ကျော် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Telegraph

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment