Powered by Blogger.

လိင်ဆက်ဆံနေစဉ်အမြန်နှုန်းနဲ့ လောင်ကျွမ်းသွားတဲ့ကယ်လိုရီတွေကို တိုင်းတာပေးမယ့် လိင်ဖျော်ဖြေရေးအရုပ်



အဆင့်မြင့် နည်းပညာသုံး လိင်ဖျော်ဖြေရေး အရုပ်က သင့်ရဲ့စမတ်ဖုန်းနဲ့ချိတ်ဆက်ထားပြီး အိပ်ရာပေါ်က လှုပ်ရှားမှုတိုင်းကို ခြေရာကောက်နိုင်မှာ ဖြစ်ပါတယ်။

အရွယ်အစားတစ်ဆိုဒ်တည်းဖြစ်တဲ့ အဆိုပါကိရိယာက သင့်ရဲ့အရှိန်နှုန်း တွန်းအားအရေအတွက်နဲ့လိင်ဆက်ဆံနေစဉ်မှာ လောင်ကျွမ်းသွားတဲ့ကယ်လိုရီတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေမှာဖြစ်ပါတယ်။

Lovelyလို့အမည်ရတဲ့ အဆိုပါကိရိယာကို Bluetoothနဲ့တီထွင်ထားတာဖြစ်ပြီး ကွဲပြားတဲ့အနေအထား ၁၂၀အထိ ထောက်ပံ့ပေးနိုင်ပါတယ်။



ကိရိယာကို ယောကျာ်းအင်္ဂါနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဒီဇိုင်းပြုလုပ်ထားပြီး တုန်ခါနိုင်ပါတယ်။ ဘက်ထရီကတော့ ခုနှစ်နာရီလောက်အထိ ခံနိုင်တယ်လို့ ဆိုပါတယ်။

ပရိုမိုးရှင်းလုပ်ထားတဲ့ video တစ်ခုမှာတော့ လိင်နဲ့လူမှုဆက်ဆံရေးကျွမ်းကျင်ပညာရှင် Reid Mahalkoက “ဒါက ယောက်ျားအင်္ဂါတစ်ခုပဲ အလုပ်လုပ်တာမဟုတ်ပါဘူး သင့်ရဲ့ လက်ပေါ်မှာလည်းထားနိုင်ပါတယ် သင့်ကိုယ်တိုင်လည်းသုံးလို့ရပါတယ်” “ဒါက သင့်ဆီက လာတဲ့အကြံညဏ်တွေနဲ့ အမှန်တကယ်ပဲ ကန့်သတ်ထားတာပါ”လို့ဆိုပါတယ်။

“Lovely” gadgetမှာ အားသွင်းစရာပါဝင်ပြီးတော့ Dual Ledsတွေလည်းပါဝင်ပါတယ်။ဒေါ်လာ ၁၀၀တန် အာမခံပစ္စည်းက အဆိုပါကိရိယာကို လုံခြုံစေမယ်လို့ဆိုပြီး နောက်နှစ်ရဲ့ Juneလမှာထွက်မယ်လို့မျှော်လင့်ရပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment