နောက်ဆုံးပေါ် နည်းပညာတွေကို ဖျက်စီးရေး ဖန်တီးမှုမှာ အဓိကလေ့လာနေတဲ့ ကယ်လဖိုးနီးယား ဘလော့ဂါ တစ်ဦးက ထူးထူးခြားခြား iphone 7 ကို ကိုကာကိုလာထဲမှာ အေးခဲစေခဲ့ပါတယ်။
ဒီဗီဒီယိုကို YouTube မှာတင်ခဲ့ပြီး အရင် ပွက်ပွက်ဆူနေတဲ့ရေထဲမှာ နှစ်ထားတာတောင် ဘာမှ မဖြစ်ခဲ့တဲ့ iphone 7 ရဲ့ ရေခုခံနိုင်မှု စမ်းသပ်တာကို ပြသခဲ့ပါတယ်။
ဘလော့ဂါက ပါဝါဖွင့်ထားတဲ့ ဖုန်းကို ခွက်ထဲထည့် ကိုကာကိုလာတွေလောင်းချပြီး ၁၇ နာရီကြာ အေးခဲထားခဲ့တာပါ။
ကိုကာကိုလာတွေထဲမှာ ခဲသွားတဲ့ဖုန်းကို ထုတ်ဖို့ ခဲနေတဲ့ ကိုကာကိုလာကို တူနဲ့ထုပြီး ဖယ်ရှားခဲ့တာပါ။
ဖုန်းဘတ္တရီအားလျော့သွားတာကလွဲရင် ပါဝါပွင့်လျက်ရှိပြီး အံ့သြစရာကောင်းလောက်အောင် အကုန်ကောင်းမွန်နေသေးတာကို တွေ့ရပါတယ်။
ဖုန်းရဲ့ အသံအကျယ်ကတော့ ကိုကာကိုလာထဲမှာ ခဲထားတဲ့အတွက် ထိခိုက်မှုရှိတယ်ထင်ရပေမယ့် ကင်မရာကတော့ အရည်အသွေးပြည့်မီ တုန်းပဲလို့ သိရပါတယ်။
( Beauty Syh )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Engadget
0 comments:
Post a Comment