Powered by Blogger.

သူတို့ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကို တရားမဝင်ကြောင်း ကြေငြာလိုက်တဲ့ Warner Bros


ကမ္ဘာကျော်ရုပ်ရှင်နဲ့ Animation စတီရီယိုကြီး Warner Brothers ဟာ သူတို့ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်အတွက် မူပိုင်ခွင့်စာချုပ်ချိုးဖောက်မှုအတွက် ရှာဖွေတဲ့ရလဒ်တွေကို ဖယ်ရှားပေးဖို့ Google ကိုပြောကြားခဲ့တယ်လို့ သိရပါတယ်။

 ဒီအပြင် သူတို့ဝက်ဘ်ဆိုက်ရဲ့ ရုပ်ရှင်တွေကို ထုတ်လွှင့်တဲ့ Amazon နဲ့ Sky တို့က လင့်တွေကိုလည်း ဖယ်ရှားပေးဖို့အတွက် ရှာဖွေရေးအင်ဂျင်ကြီးကိုတောင်းဆိုခဲ့တာပါ။ အဲ့ဒီအပြင် ရုပ်ရှင်အချက်အလက်ဆိုင်ရာ ဝက်ဘ်ဆိုက်ဖြစ်တဲ့ IMDb ကလင့်တွေကိုပါ ဖယ်ရှားနိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။

လက်ရှိအချိန်အထိတော့ Warner Bros ဘက်က တစ်စုံတစ်ရာ ပြောကြားသေးခြင်းမရှိပါဘူး။ တောင်းဆိုချက်တစ်ရပ်မှာ Google က Batman: The Dark Knight နဲ့ The Matrix တို့လို ကမ္ဘာကျော်ဇာတ်ကားတွေအတွက် လင့်တွေကို ဖယ်ရှားရ၊ မဖယ်ရှားရ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့ ဒီလိုပါတ်သက်တဲ့ လင့်တွေကို ဖယ်ရှားမယ်ဆို၇င် လင့်ပေါင်း ၁၃သန်းကျော်လောက်ကို ဖယ်ရှားရဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ပွားရတာဟာ ရုပ်ရှင်စတီရီယိုကြီးအနေနဲ့ တရားမဝင် ရုပ်ရှင်နဲ့ TV Programmes ကော်ပီတွေကို တင်ခဲ့မိတာကြောင့်လို့ BBC ကဆိုပါတယ်။

ဒါပေမယ့် Warner Brothers ရဲ့ အစီရင်ခံစာကို ကြားနာပြီးနောက်မှာ Google ဟာ Amazon, IMDb နဲ့ Sky Cinema တွေက ရှာဖွေတဲ့ရလဒ်တွေကို မဖယ်ရှားဖို့အတွက် ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: BBC


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment