Powered by Blogger.

လာမယ့်အောက်တိုဘာလ ၁ရက်နေ့က စတင်ပြီး Galaxy Note 7 ဖုန်းများရောင်းချမှုကို ပြန်လည်စတင်မည်



နောက်ဆုံးတော့ Samsung ပရိတ်သတ်တွေအတွက် ကောင်းသတင်းတစ်ရပ် ထွက်ပေါ်လာခဲ့ပါပြီ။ Samsung အနေနဲ့ သူတို့ရဲ့ နောက်ဆုံးထွက် အဓိက စမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ Galaxy Note 7 ဖုန်းကို လာမယ့် အောက်တိုဘာလ ၁ရက်နေ့ကစတင်ပြီး တောင်ကိုရီးယားဈေးကွက်မှာ ပြန်လည် ရောင်းချတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Samsung အနေနဲ့ Galaxy Note 7 ဖုန်းတွေရဲ့ လဲလှယ်မှုအစီအစဉ်ရဲ့ တောင်ကိုရီးယားဈေးကွက်မှာ ၈၀ရာခိုင်နှုန်းနီးပါးပြီးစီးသွားပြီး ဖြစ်ပါတယ်။ Samsung အနေနဲ့ Note 7 ဖုန်းရောင်းချမှုကို တစ်လနီးပါးဆိုင်းငံ့ထားပြီးမှ TV မှာ လဲလှယ်ရေးအစီအစဉ်အတွက် ကြော်ငြာတွေ ထည့်အပြီးမှာ အခုလို အောင်မြင်စွာ ပြီးမြောက်ခဲ့တာပါ။

Samsung ရဲ့ပြောကြားချက်အရ Galaxy Note 7 ဖုန်းအလုံးရေ ၂.၅သန်းနီးပါးကို ပြန်လည်သိမ်းဆည့်ခဲ့ရတာဖြစ်ပြီး အဲ့ဒီအထဲက တစ်သန်းနီးပါးဟာ အမေရိကန်ပြည်ထောင်စုထဲက ဖြစ်ပြီး ၆၀ရာခိုင်နှုန်းခန့်ရှိတာပါ။ သုံးစွဲသူတွေအနေနဲ့ Galaxy Note 7ဖုန်းတွေကို အပ်ပြီး နှစ်ရက်အကြာမှာ အလုံးသစ်တွေ ပြန်လည် ရရှိခဲ့တယ်လို့ သိရပါတယ်။

( Beauty Syh )

Ref: Phone Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment